လီဗာပူးလ်နောက်ခံလူ စကာတယ် ခြောက်ပတ်အနားယူရမည်

လီဗာပူးလ်နောက်ခံလူ စကာတယ် ခြောက်ပတ်အနားယူရမည်

ဒီဇင်ဘာ ၂၃၊ လီဗာပူးလ် ။            ။ ဒဏ်ရာကြောင့် ခြောက်ပတ်ကြာအနားယူရမည်ဖြစ်ကြောင်း လီဗာပူးလ်နောက်ခံလူ စကာတယ်က အတည်ပြုပြောဆိုလိုက်သည်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆလိုဗက်ကီယားလက်ရွေးစင်ကစားသမားသည် တနင်္ဂနွေနေ့တွင် လီဗာပူးလ်အသင်း ဝက်ဖို့ဒ်ကိုရှုံးသည့်ပွဲ၌ ပွဲချိန် ၄၁ မိနစ်တွင် ဒဏ်ရာရာသွားခဲ့ခြင်းဖြစ်သည်။

ဒူးကောက်ကြောနှင့် အရွတ်စုတ်ပြဲသွားခြင်းဖြစ်သည်ဟု စကာတယ်က လူမှုကွန်ယက်စာမျက်နှာဖြစ်သော အင်စတာဂရမ်တွင် ရေးသားထားသည်။

"ပြန်ကောင်းဖို့ ပြင်းပြင်းထန်ထန်ကြိုးစားမှာဖြစ်ပြီး အရင်ကထပ်ပိုကြံ့ခိုင်အောင်၊ မြန်နိုင်သမျှ မြန်မြန်ပြန်ကောင်းအောင် လုပ်နိုင်တာအားလုံး လုပ်သွားမှာပါ"ဟု စကာတယ်က ရေးသားထားသည်။
စကတယ်သည် ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးလ်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားထားပြီး ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားပေးထားသူဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly