အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရရှိလိမ့်မည်ဟု ပီတာချက်ဆို

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရရှိလိမ့်မည်ဟု ပီတာချက်ဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၃ ။           ။ အာဆင်နယ်အသင်း၏ ဂိုးသမားပီတာချက်က အသင်း၏ အဓိက ကစားသမားများ ပြန်လည်ကစားနိုင်ပါက ယခုနှစ်ရာသီတွင် ၎င်းတို့အသင်း ပရီးမီးယားလိဂ်ဖလားကို ရရှိလိမ့်မည်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် မန်စီးတီးနှင့် ပွဲစဉ်တွင် အဓိက ကစားသမားများ ဒဏ်ရာရရှိနေသော်လည်း ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်းမှာ နောက်ဆုံးကစား ခဲ့သည့် ပွဲစဉ် ၁၁ ပွဲတွင် တစ်ပွဲသာရှုံးခဲ့သည်။

လက်ရှိအာဆင်နယ်အသင်းတွင် ဝီလ်ရှိုင်းယား၊ ကာဇိုလာ၊ ကိုကွီလင်၊ အာတီတာ၊ ဝဲလ်ဘတ်၊ ရိုဆစ်စကီး၊ ဆန်းချက်ဇ်တို့ ဒဏ်ရာရရှိလျက်ရှိနေကြသည်။

'အသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းပါတယ်။ ကစားသမားအားလုံးဟာ နည်းပြအလိုရှိတဲ့နေရာမှာ ကစားနိုင်ကြသူတွေပါ။ ဒါက ကျွန်တော်တို့ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး အလိုရှိရာ လမ်းကြောင်းကို သွားနိုင်ပါတယ်။

ဒီရာသီမှာ အဆင်ပြေချောမွေ့နေတာတော့ မဟုတ်ပါဘူး။ ပြဿနာတွေ အများကြီးရှိပါတယ်။ ဒဏ်ရာပြဿနာတွေကိုလည်း မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီလို ပြဿနာတွေကြားထဲမှာတောင် နိုင်ပွဲတွေ ရရှိအောင် ကျွန်တော်တို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒဏ်ရာရကစားသမားတွေသာ ပြန်လည်ကောင်းမွန်လာမယ်ဆိုရင် ကျွန်တော်တို့ အောင်မြင်မှုရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရာသီက အရှည်ကြီးပါ။ မတ်လနဲ့ ဧပြီလလောက်အထိ ဒီအဆင့်မှာ ရပ်တည်နိုင် မယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ရဖို့ အခွင့်အရေးရှိပါတယ်' ဟု ပီတာချက်က ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly