ဟက်ကာတိုက်ခိုက်မှုများကြောင့် တရုတ်ကို ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားအား ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်လာနိုင်သူ လွှတ်တော်အမတ်တိုက်တွန်း

ဟက်ကာတိုက်ခိုက်မှုများကြောင့် တရုတ်ကို ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားအား ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်လာနိုင်သူ လွှတ်တော်အမတ်တိုက်တွန်း

အမေရိကန်နိုင်ငံအား တရုတ်တို့က ဟက်ကာတိုက်ခိုက်သည်ဟု သံသယစွပ်စွဲချက်များကြောင့် သမ္မတအိုဘားမားအနေဖြင့် တရုတ်အား နှုတ်အားဖြင့် ပြောဆိုနေခြင်းထက် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်သွားရန် လိုအပ်ကြောင်း ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းဖြစ်လာနိုင်သည့် လွှတ်တော်အမတ် မာကိုရူဘီအို ကတိုက်တွန်းလိုက်သည်။

အိုဘားမားသို့ လိပ်မူသည့် စာတွင် ရူဘီအိုက တရုတ်တို့၏ လုပ်ရပ်များသည် တာဝန်မဲ့သည့် လုပ်ရပ်များဖြစ်ကြောင်း ပြောဆို ထားသည်။

အမေရိကန်မှ အစိုးရဌာန ဝန်ထမ်းဟောင်းနှင့် လက်ရှိတာဝန်ထမ်းဆဲ ဝန်ထမ်းများ၏ အချက်အလက်များကို တရုတ်နိုင်ငံက ဟက်ကာခိုးယူခဲ့သည်ဟု အမေရိကန်နိုင်ငံက စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်အပေါ် တရုတ်နိုင်ငံဖက်က ငြင်းဆန်သည်။

ယခုသီတင်းပတ်အတွင်း ကျင်းပမည့် အမေရိကန်-တရုတ်မဟာဗျူဟာနှင့် စီးပွားရေးထိပ်သီအစည်းအဝေးတွင် သမ္မတအနေဖြင့် တရုတ်အပေါ် ဖိအားများ ပိုမိုပေးရမည်ဖြစ်ကြောင်း ဘီအိုကပြောသည်။

Ref: Press TV 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly