“Voice of ELLE” ဆုကို ရရှိခဲ့တဲ့ ဂျောင်ယောင်ဝှာ

“Voice of ELLE” ဆုကို ရရှိခဲ့တဲ့ ဂျောင်ယောင်ဝှာ

တောင်ကိုရီးယား အဆိုတော် သီချင်းရေးဆရာ ဂျောင်ယောင်ဝှာသည် တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့တွင် ကျင်းပပြုလုပ်သော ရှစ်ကြိမ်မြောက် ELLE Style Awrards ဆုပေးပွဲတွင် “Voice of ELLE International Musician” ဆုကို ရရှိခဲ့သည်။

“ကျွန်တော် ELLE ဆု ရွေးချယ်ရေးအဖွဲ့နဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။  အားလုံး ကျေးဇူးကြောင့် ဒီနှစ်ဟာ ကျွန်တော့အတွက်တော့ အရမ်းကို ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်” ဟု ဂျောင်က ပြောကြားခဲ့သည်။

ELLE Style Awards ဆုပေးပွဲသည် တရုတ် ဖက်ရှင်နှင့်စတိုင် ဆုပေးပွဲတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလက ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ဂျောင်သည် ယခုနှစ် ဆုပေးပွဲသို့ တက်ရောက်သည့် တစ်ဦးတည်းသော ကိုရီးယား အနုပညာရှင်တစ်ဦး ဖြစ်သည်။

ဂျောင်သည် မကြာသေးမီက ၎င်း၏ တစ်ကိုယ်တော် တေးသီချင်း အယ်လ်ဘမ် “One Fine Day” ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ထိုင်ဝမ်ကြယ်ပွင့် Teresa Teng ၏ တေးသီချင်း အယ်လ်ဘမ် “The Moon Represents My Heart” အတွက်လည်း ဖျော်ဖြေပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly