မင်းသား နီကိုလပ်စ် ကေ့ဂျ် ဝယ်ယူထားသည့် ရှေးဟောင်း ဒိုင်နိုဆော ဦးခေါင်းခွံသည် ခိုးယူခံထားရသည့် ပစ္စည်းဖြစ်နေသဖြင့် အာဏာပိုင်များထံသို့ ပြန်လည် အပ်နှံမည်

မင်းသား နီကိုလပ်စ် ကေ့ဂျ် ဝယ်ယူထားသည့် ရှေးဟောင်း ဒိုင်နိုဆော ဦးခေါင်းခွံသည် ခိုးယူခံထားရသည့် ပစ္စည်းဖြစ်နေသဖြင့် အာဏာပိုင်များထံသို့ ပြန်လည် အပ်နှံမည်

နယူးယောက်၊ ဒီဇင်ဘာ ၂၂ ။          ။ ဟောလီဝုဒ် နာမည်ကျော်မင်းသား နီကိုလပ်စ် ကေ့ဂျ်သည် ရှားပါးသည့် ဒိုင်နိုဆော ဦးခေါင်းခွံ တစ်ခုကို ကန်ဒေါ်လာ ၂၇၆,၀၀၀ ထိပေးကာ ဝယ်ယူထား ခဲ့သော်လည်း ယခုအခါ ယင်းမှာ မူရင်းပိုင် ရှင်ထံမှ ခိုးယူခံထားရသည့် ပစ္စည်းဖြစ်နေခြင်းကြောင့် အစိုးရလက်သို့ အပ်ရန် သဘောတူလိုက်သည်။

ယင်းဦးခေါင်းခွံကို မင်းသားကေ့ချ်က အမေရိကန် အာဏာပိုင်များထံသို့  အပ်နှံသွားမည်ဖြစ် သဖြင့် မူလပိုင်ရှင် မွန်ဂိုလီယား အစိုးရထံသို့ ပြန်လည် ပို့ဆောင်ပေးသွားနိုင်တော့မည် ဖြစ်သည်။

မန်ဟက်တန်ရှိ အမေရိကန် ရှေ့နေချုပ်ရုံးသည် ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါ သက်တမ်း ကြာမြင့်နေပြီဖြစ်သည့် ဦးခေါင်းခွံကို ပြန်လည်ရယူရန် အမှုဖွင့်ခဲ့သည်။ ယင်းကို မွန်ဂိုလီးယားသို့ ပြန်ပို့ ပေးသွားမည်ဖြစ်သည်။

အမှုဖွင့်ရာတွင် ဦးခေါင်းခွံ ပိုင်ဆိုင်သူ အမည်စာရင်းတွင် ကေ့ဂျ်ကို ဖော်ပြထားခဲ့ခြင်း မရှိသော် လည်း ယင်းကို မင်းသားကေ့ချ်က ၂၀၀၇ ခုနှစ် မတ်လက I.M Chait ပြတိုက်မှ ဝယ်ယူထားခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"National Tresure" ရုပ်ရှင်ကား၏ မင်းသားဖြစ်သူ ကေ့ဂျ်မှာ ယခုကိစ္စနှင့် ပတ်သက်၍ အပြစ် ကျူးလွန်ထားခဲ့သည်ဟု စွပ်စွဲပြောကြားခြင်း မခံခဲ့ရပဲ ၎င်းသည် အဖြစ်မှန်ကို သိရှိပြီးနောက် တာဝန်သိ စွာဖြင့် အစိုးရထံသို့ အပ်နှံရန် သဘောတူခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ပြောသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယင်းဦးခေါင်းခွံသည် မွန်ဂိုလီးယားမှ တရားမဝင် သယ်ဆောင် ထားခဲ့သည့် ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ကေ့ဂျ်က ယခုကဲ့သို့ အပ်နှံ ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly