လာမည့်နှစ်အတွင်း ရေနံစိမ်းစည် ငါးသန်းကျော် ထုတ်လုပ်ရန် ရည်မှန်းထား

လာမည့်နှစ်အတွင်း ရေနံစိမ်းစည် ငါးသန်းကျော် ထုတ်လုပ်ရန် ရည်မှန်းထား

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ ။          ။ လာမည့်နှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၆၈၀,၀၀၀ ကျော်နှင့် ရေနံစိမ်း အမေရိကန်စည်ပေါင်း ငါးသန်းကျော် ထုတ်ပြန်ရန် ရည်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနမှ သိရသည်။

ထို့ပြင် ဗူးသွင်းသဘာဝဓာငွေ့ ကုဗပေသန်းပေါင်း ၈၄၂၈ သန်း ထုတ်လုပ်ရန် ရည်မှန်ထားကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး တက်မ ဒေသရှိ ပုဂ္ဂလိကပိုင် ရေနံစိမ်းစည်ထုတ်လုပ်မှုမှ ရေနံစိမ်း စည်းပေါင်း(၁၁.၂၁၄)ထုတ်လုပ်ရန်လည်း ရည်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွား ရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီး ဒေါက်ကံဇော်က ဒီဇင်ဘာ ၂၂ရက်က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

စွမ်းအင်ကဏ္ဍ ထုတ်လုပ်မှုတန်ဖိုးကျပ် (၄.၉၀) ထရီလီယံ ရရှိရန် ရည်မှန်းထားကြောင်းလည်း ဝန်ကြီးက ပြောသည်။ အမျိုးသားစီမံကိန်းနှင့်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထုတ်ပြန်သည့် စားရင်းအချက်အလက်များ အရ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း (၆၈၉.၈၂၅) နှင့် ဗူးသွင်းသဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း (၈၄၂၀) သန်း ထုတ်လုပ်ရန် ရည်မှန်းထားကြောင်းသိရသည်။

ထို့ပြင် ရေနံစိမ်း အမေရိကန်စည်ပေါင်း ( ၅.၁၅၁)သန်းနှင့် ညောင်ဦးမြို့နယ် တက်မဒေသ ပုဂ္ဂလိကပိုင် ရေနံစိမ်းထုတ်လုပ်မှု အမေရိကန်စည်ပေါင်း (၁၁. ၂၁၄)ထောင် ထုတ်လုပ်ရည်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စားရင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly