ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ယခုသီတင်းပတ်တွင် တရုတ်သို့သွားမည်

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ယခုသီတင်းပတ်တွင် တရုတ်သို့သွားမည်

ပေကျင်း၊ ဒီဇင်ဘာ ၂၂ ။           ။ ပဋိပက္ခအဆုံးသတ်ရေးအတွက် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ပေကျင်းက ကြိုးပမ်းနေစဉ် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးသည် ယခုသီတင်းပတ်တွင် တရုတ်သို့လာရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၂၂ တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်လ်မူအယ်လဲမ်သည် တရုတ်တွင် ဒီဇင်ဘာ ၂၃မှ ၂၆ အထိရှိနေမည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောခွင့်ရ အမျိုးသား ဟောင်လေက နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဝမ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆီးရီးယားအစိုးရနှင့် အတိုက်အခံများကို တရုတ်သို့ လာရောက်ရန် ယခုသီတင်းပတ်အတွင်းက ဖိတ်ခေါ်ခဲ့သည်။

ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုအတွက် နိုင်ငံတကာလမ်းပြမြေပုံတစ်ခုကို ထောက်ခံသော ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၁၈က တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့သည်။ လူနှစ်သိန်းခွဲကျော်သေဆုံးခဲ့ပြီဖြစ်သော ပဋိပက္ခတစ်ခုနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံများကြား ညီညွတ်မှုကို ရှားရှားပါးပါးတွေ့မြင်ရမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly