နယူးဒေလီအနီး လေယာဉ်တစ်စင်းပျက်ကျ ၁၀ ဦးသေ

နယူးဒေလီအနီး လေယာဉ်တစ်စင်းပျက်ကျ ၁၀ ဦးသေ

နယူးဒေလီ၊ ဒီဇင်ဘာ ၂၂ ။         ။ ဒီဇင်ဘာ ၂၂က လေယာဉ်တစ်စင်းသည် အိန္ဒိယမြို့တော် နယူးဒေလီ၏ ဆင်ခြေဖုန်းတွင် နံရံတစ်ခုကို တိုက်မိကာ ပေါက်ကွဲမီးလောင်သွားခဲ့ပြီး ယာဉ်ပေါ်ပါ ၁၀ဦးစလုံးသေဆုံးသွားခဲ့သည်ဟု အရာရှိများက ပြောသည်။

နယ်ခြားလုံခြုံရေးတပ်ဖွဲ့က စင်းလုံးငှားရမ်းခဲ့သော အဆိုပါ Super King လေယာဉ်သည် နိုင်ငံအရှေ့ပိုင်း ရန်ချီသို့ ဦးတည်နေခဲ့ပြီး ပျံတက်ပြီး မကြာမီ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ယင်းလုံခြုံရေးတပ်ဖွဲ့မှ   ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူအများစုမှာ အတတ်ပညာရှင်များဖြစ်သည်ဟု သိရသည်။

ပျက်ကျခဲ့သည့် အကြောင်းရင်းကို မသိရသေးဟု ပြောခွင့်ရပုဂ္ဂိလ်ကဆိုသည်။ ရုပ်သံမှ ထုတ်လွှင့်မှုတွင် မီးလောင်နေသည့် လေယာဉ်ပျက်မှ မီးခိုးများထွက်နေစဉ် အခင်းဖြစ်ရာတွင် ရောက်ရှိနေသည့် မီးသတ်ကားများကို တွေ့မြင်ရသည်။ ပြည်သူ့စစ်နှင့် မှုခင်းတပ်ဖွဲ့များလည်းအခင်းဖြစ်ရာသို့ အပြေးအလွှားသွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly