ဇာတ်တူသားစားသည့် နိုင်ငံရေးအလိုမရှိ၊ ဆိုက်ဘေးရီးယား မြို့တစ်မြို့က ကြောင်တစ်ကောင်ကိုသာ မြိ်ု့တော်ဝန် တင်မြှောက်လို

ဇာတ်တူသားစားသည့် နိုင်ငံရေးအလိုမရှိ၊ ဆိုက်ဘေးရီးယား မြို့တစ်မြို့က ကြောင်တစ်ကောင်ကိုသာ မြိ်ု့တော်ဝန် တင်မြှောက်လို

ဘာနော၊ ရုရှ၊ ဒီဇင်ဘာ-၂၂ ။             ။ သူတို့ရဲ့ ရုရှမြို့ကလေးမှာ တစ်ယောက်ကို တစ်ယောက်နင်းပြီး ဇာတ်တူသားစားနေတဲ့ နိုင်ငံရေး (dog-eat-dog politics)ကို ငြီးငွေ့စိတ်ကုန်လာကြတဲ့ ဘာနောမြို့ခံတွေဟာ သူတို့ရဲ့ နောက်တက်မယ့် မြို့တော်ဝန်ကို ကြောင်တစ်ကောင်ပဲ ဖြစ်စေချင်တော့ပါသတဲ့။

မော်စကိုရွှေမြို့တော်ကြီးရဲ့ အရှေ့ဖက် မိုင် ၁၈၀၀အကွာမှာ တည်ရှိပြီး၊ လူ ၆၅၀၀၀၀ မှီတင်းနေထိုင်တဲ့ ဆိုက်ဘေးရီးယား မြို့ကလေးဟာ မြို့ကောင်စီနဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူးတို့ ပါဝင်ဖွဲ့စည်းထားတဲ့ ကော်မရှင်က ကိုယ်စားလှယ်လောင်း ၆ယောက်ထဲက တစ်ယောက်ကို ရွေးလိုက်ရင် မြို့တော်ဝန်အသစ် ရရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မြို့ခံတွေကြားထဲမှာတော့ ကိုယ်စားလှယ် ၆ယောက်ထဲက တစ်ယောက်မှ ရေပန်းစား လူကြိုက်များခြင်းတော့ မရှိပါဘူး။ ကိုယ်စားလှယ် ၆ယောက်ထဲက အကြိုက်ကို ပြောပြကြဖို့ မြို့ခံတွေကို ပြုလုပ်တဲ့ အွန်လိုင်းမဲစစ်တမ်းမှာတော့ ဘာဆစ်လို့ခေါ်တဲ့ အမွေးတိုကြောင်ကလေးက မဲ ၉၀ရာခိုင်နှုန်းကျော်ကို သိမ်းပိုက် အောင်ပွဲခံသွားခဲ့တယ်လို့ ဆိုပါတယ်။

ရုရှ သတင်းမီဒီယာတွေမှာတော့ ဘာဆစ်က ရွှွင်မြူးဖွယ်ရာ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့ ဒေသခံနိုင်ငံရေးသမားတွေကတော့ အကျင့်ပျက်ခြစားမှုတွေနဲ့ လုံးချာလည်လိုက်နေတဲ့ တခြားမြို့များနည်းတူပဲ ဘာနောပြည်သူတွေက ကြောင်ထက် ပိုပြီးလေးနက်တဲ့ သတင်းစကားကို ဖွင့်ဟလိုက်တာဖြစ်တယ်လို့ နားလည်နေကြပါတယ်။

‘ကြောင်ကလေး ဘာဆစ်ကနေတစ်ဆင့် ကျနော်တို့ပြည်သူတွေက အနာဂတ် ဘာနောခေါင်းဆောင်ကို သူတို့ရဲ့ဆန္ဒတွေ ထုတ်ဖော်ပြသလိုက်တာပါပဲ’’လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ကာလင်က ပြောကြားပါတယ်။

‘ဒါကိုကြည့်ပြီး ကောက်ချက်ဆွဲရရင်တော့ မဲဆန္ဒရှင်တွေက ဘယ်ကိုယ်စားလှယ်ကိုမှ မယုံကြည်ဘူးဆိုတာပါပဲ’’လို့လည်း ဒေသန္တရအရာရှိ အိုင်ဗင် ကာပေါ့က ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly