ထရန့်ကို အိုင်အက်စ်တို့၏ အကောင်းဆုံး စည်းရုံးရေးမှူးဟု ခေါ်ဝေါ် သည့်အတွက် ကလင်တန်က တောင်းပန်လိမ့်မည်မဟုတ်

ထရန့်ကို အိုင်အက်စ်တို့၏ အကောင်းဆုံး စည်းရုံးရေးမှူးဟု ခေါ်ဝေါ် သည့်အတွက် ကလင်တန်က တောင်းပန်လိမ့်မည်မဟုတ်

ဝါရှင်တန်၊ ဒီဇင်ဘာ - ၂၂ ။          ။ မွတ်စလင်များအပေါ် လက်လွတ်စပါယ် ရမ်းကားသည့် မှတ်ချက်စကားများ ပြောကြားသည့်အတွက် အိုက်အစ်အကြမ်းဖက်အုပ်စု၏ အကောင်းဆုံး စည်းရုံးရေးမှူး တစ်ယောက်ဖြစ်သည်ဟု ခေါ်ဝေါ်သည့်အတွက် သူမ၏ ရီပတ်ဘလီကင်ပြိုင်ဘက် ဒေါ်နယ်ထရန့်ကို အညံ့ခံ၍ ဝန်ချတောင်းပန်လိမ့်မည်မဟုတ်ကြောင်း ဒီမိုကရတ် သမ္မတလောင်း ဟီလာရီ ကလင်တန်က ပြောကြားခဲ့သည်။

အိုင်အက်စ်တို့က အစွန်းရောက်များကို ပို၍ စည်းရုံးသိမ်းသွင်းနိုင်ရန် လူထုများကို အစ္စလာမ်နှင့် မွတ်စလင်များကို ဒေါ်နယ်ထရန့်က စော်ကားနေသည့် ဗွီဒီယိုများကို ပြသနေသောကြောင့် မွတ်စလင်များကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့်ပိတ်ပင်ရမည်ဟူသည့် ထရန့်၏ စကားက အိုင်အက်စ်တို့၏ တပ်သားသစ်စုဆောင်းရေး ဗျူဟာကို ကူညီရာရောက်နေကြောင်း ကလင်တန်က ဒီဇင်ဘာ ၁၉ရက်နေ့က ကျင်းပခဲ့သည့် ဒီမိုကရတ် စကားစစ်ထိုးပွဲတွင် ပြောကြားခဲ့သည်။

‘လုံးဝပါပဲ။ သူ့ရဲ့ အမုန်းစကားက အိုင်အက်စ်တွေကို အကြမ်းဖက်သမားတွေ ပိုပြီးစုဆောင်းနိုင်အောင် အကူအညီပေးနေတယ်လို့ မှန်မှန်ကန်ကန် ထောက်ပြခဲ့တဲ့အတွက် ဟီလာရီကလင်တန်က ဒေါ်နယ် ထရန့်ကို တောင်းပန်လိမ့်မယ်မဟုတ်ဘူး’ဟု ကလင်တန်၏ မဲဆွယ်စည်းရုံးရေး ပြောခွင့်ရပုဂ္ဂိုလ် ဘရိုင်ယင် ဖော်လုန်က တနင်္လာနေ့က ထုတ်ပြန်ခဲ့သသည့် ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းက ထရန့်က သူမ၏ စွပ်စွဲမှုအတွက် ဝန်ချတောင်းပန်ရန် နိုင်ငံခြားရေးဝန်ကြီးဟောင်းအား တောင်းဆိုခဲ့သည်။

‘ဟီလာရီ ဝန်ချတောင်းပန်ဖို့ တောင်းဆိုမှာပါ။ သူမ ဝန်ချတောင်းပန်သင့်ပါတယ်။ သူမဟာ အီးမေးတွေတုန်းကလည်း လိမ်ခဲ့တယ်။ ဝှိုက်ဝါးတားကိစ္စမှာလည်း လိမ်ခဲ့တယ်။ ဘာမဆို လိမ်လည်ခဲ့ပါတယ်။ သူမသာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာခဲ့ရင် ကြမ္မာငင်ပါလိမ့်မယ်’ဟု ထရန့်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly