ထိုင်းပညာရေးပြုပြင်ပြောင်းလဲမှု ထင်သလောက် ခရီးမပေါက်

ထိုင်းပညာရေးပြုပြင်ပြောင်းလဲမှု ထင်သလောက် ခရီးမပေါက်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ။              ။ ထိုင်းနိုင်ငံတွင် ပညာရေးကဏ္ဍအား အသုံးရိတ် များများစားစား မသုံးစွဲဘဲ မည်သို့ မြှင့်တင်ရမည်နှင့် ပတ်သက်ပြီး နောက်ထပ်တစ်နှစ်အတွက် ဆွေးနွေး အဖြေရှာနေလျက်ရှိသည်။

၂၀၁၅ ခုနှစ်က ကုန်လွန်ခါနီးဖြစ်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး မျှော်လင့်ချက်များက ထင်ထားခဲ့သလောက် ခရီးမပေါက်ဘဲ ရှိခဲ့သည်။

ဗိုလ်ချုပ်ကြီး ချန်အိုချာဦးဆောင်သည့် လက်ရှိအစိုးရက နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးများ ပိုမိုဖော်ဆောင်နိုင်ရေး စိတ်ပိုင်းဖြတ်ချက်ချ ဆောင်ရွက်လျက်ရှိသည်။ ထိုအတွက် သြဂုတ်လအတွင်းက နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု အဆိုပြုချက်တစ်ရပ်အား လက်ရှိတွင် မတည်ရှိတော့ပြီဖြစ်သည့် အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီ NRC က တင်သွင်းခဲ့ရာ ပညာရေးနယ်ပယ်အတွက် စိတ်အား ထက်သန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုကြီး ဖြစ်လာတော့မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် လေးလလွန်မြောက်ခဲ့သော်လည်း NRC အဆိုပြုချက်က ချန်အိုချာ လက်ထဲတွင် မည်သည့်အကောင်အထည်မျှ မပေါ်ပေါက်လာခဲ့ပေ။

“ပညာရေးပြောင်းလဲမှုအတွက် အဆိုပြုထားပြီးပေမယ့် နဂိုအတိုင်းပဲ၊ မပြောင်းလဲလာဘူး”ဟု NRC အဖွဲ့ဝင် ပါမောက္ခတစ်ဦးဖြစ်သည့် ပရာပါပတ်နီယွမ်က ပြောသည်။

လက်ရှိတည်ထောင်ဖွဲ့စည်းထားပြီးဖြစ်သည့် အမျိုးသားပြုပြင်ပြောင်းလဲရေးပဲ့ကိုင်သောရုံးအဖွဲ့က နိုင်ငံ၏ ပညာရေးကဏ္ဍအပါအဝင် ပြုပြင်ပြောင်းလဲမှုများကို သေချာဖြစ်မြောက်အောင် ကူညီစွမ်းဆောင် လိမ့်မည်ဖြစ်ကြောင်း အစိုးရက ပြောကြားလာသည်။ သို့သော်လည်း အစိုးရ၏ ပြောကြားချက်ကို ပညာရေးနယ်ပယ်က ယုံကြည်လာခြင်း မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly