ဟစ်တလာ၏ ပန်းချီကားများကို ယူရို လေးသိန်းဖြင့် လေလံတင်ရောင်းချ

ဟစ်တလာ၏ ပန်းချီကားများကို ယူရို လေးသိန်းဖြင့် လေလံတင်ရောင်းချ

(ဘာလင်)။ ။ နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ ရေးဆွဲခဲ့သည့် ရေဆေးပန်းချီကားများကို ဂျာမနီ ရိုလေလံရုံး တစ်ရုံးတွင် ပေါင် ၂၈၆,၀၀၀ (ယူရိုငွေ ၄၀၀,၀၀၀) ဖြင့် လေလံတင်ရောင်းချခဲ့သည်။

ဘာဗားရီးယားရှိ Neuschwanstein ရဲတိုက်ပုံ ပန်းချီကားအား တရုတ်နိုင်ငံသား တစ်ဦးက ပေါင် ၇၁,၀၀၀ (ယူရို ၁၀၀,၀၀၀) ဖြင့် ဈေးအမြင့်ဆုံးပေးကာ ဝယ်ယူသွားခဲ့သည်။

ဟစ်တလာ ထိုးမြဲလက်မှတ်ပါသည့် ဇော်ပန်းမွှားပုံ ပန်းချီကားကိုလည်း ပေါင် ၅၂,၀၀၀ (ယူရို ၇၂,၀၀၀) ဖြင့်
လေလံဈေးခေါ်ထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း ၁၉၄၁ ခုနှစ်အတွင်းက ဟစ်တလာ ရေးဆွဲခဲ့သည့် ရေဆေးပန်းချီကား တစ်ကားကို နုရင်ဘတ်
လေလံရုံးတွင်ပင် ပေါင် ၉၃,၀၀၀ (ယူရိုငွေ ၁၂၉,၀၀၀) ဖြင့် ရောင်းချနိုင်ခဲ့သည်။

Weidler Auctioneers of Nuremberg က ယင်းလေလံပွဲကို စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟစ်တလာ၏ ပန်းချီများကို လေလံဈေးပြိုင်ဝယ်ယူသူများတွင် ဘရာဇီး၊ ယူအေအီး၊ ပြင်သစ်နှင့် ဂျာမနီတို့မှ လုပ်ငန်းရှင်များ ပါဝင်ခဲ့သည်။ ဝယ်ယူသူနှင့် ရောင်းချသူတို့၏ အမည်များကို ထုတ်ဖော်ပြောခြင်း မရှိသေးပေ။

ဟစ်တလာသည် ပန်းချီအနုပညာတွင် သာမန်မျှသာအဆင့်ရှိသည့် ပန်းချီရေးဆွဲသူဖြစ်သော်လည်း ၎င်းရေးဆွဲခဲ့သည့် ပန်းချီကားများကို ရောင်းချသည့်အခါတွင် ဈေးကြီးကြီးဖြင့် ရောင်းချနိုင်နေသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly