မီးခိုးမြူများကြောင့် ထုတ်လုပ်မှုလျှော့ချရန် စက်ရုံ နှစ်ထောင်ကျော်ကို တရုတ်အမိန့်ထုတ်

မီးခိုးမြူများကြောင့် ထုတ်လုပ်မှုလျှော့ချရန် စက်ရုံ နှစ်ထောင်ကျော်ကို တရုတ်အမိန့်ထုတ်

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ။          ။ မီးခိုးမြူများကို ကိုင်တွယ်ရေး အနီရောင်တပ်လှန့်သတိပေးမှု၏ အစိတ်အပိုင်းအဖြစ် ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းရန် သို့မဟုတ် လျှော့ချရန် စက်ရုံ ၂,၁၀၀ကို ပေကျင်းက အမိန့်ထုတ်လိုက်သည်ဟု အစိုးရက ဒီဇင်ဘာ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ ပေကျင်းတွင် အဆိပ်သင့်မြူများဆိုင်းနေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်သည်။

ဒီဇင်ဘာ ၁၉ မှ စကာ ပေကျင်းသည် အရောင်လေးရောင်ရှိ မီးခိုးမြူသတိပေးစနစ်၏ အမြင့်ဆုံးအဆင့်ကို ပြဋ္ဌာန်းခဲ့ရာ ၂၀၁၃က စတင်ခဲ့သော ညစ်ညမ်းမှုကြိုတင်သတိပေးအစီအစဉ်ကို တည်ထောင် ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် အနီရောင်အဆင့် သတိပေးမှုဖြစ်သည်။

အရေးပေါ်ဖြေရှင်းရေးအစီအစဉ်အဖြစ် မီးခိုးများထုတ်လွှတ်မှုကို လျှော့ချရန် ပေကျင်းမြို့နှင့် မြို့၏ဆင်ခြေဖုန်းရှိ စက်ရုံ ၂,၁၀၀ကို ထုတ်လုပ်ရပ်ဆိုင်းရန် သို့မဟုတ် လျှော့ချရန် အမိန့်ထုတ်ခဲ့သည်ဟု စီးပွားရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပေကျင်းမြူနီစီပယ်ကော်မရှင်မှ အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အစိုးရသည် စက်ရုံများသို့ စစ်ဆေးရေးမှူးများကို နေ့စဉ်စေလွှတ်သည်ဟု ၎င်းကပြောသည်။ အရေးယူဆောင်ရွက်မှုများကို လိုအပ်သလို တိတိကျကျလုပ်ဆောင်နေသည်ဟု ၎င်းက ထပ်မံပြောကြားသည်။ မီးခိုးမြူများတွင် မိုက္ကရိုစကုပ်နှင့် ကြည့်မှမြင်ရသည့် အမှုန်များက လူ၏ အဆုတ်တွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်နိုင်သည်ဟု အမေရိကန်သံရုံးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly