ဒုတိယကမ္ဘာစစ်ကို မီးမွှေးသူ အာဏာရှင်ကြီး ဟစ်တလာတွင် ဝှေးစေ့တစ်လုံးသာရှိဟုဆို

ဒုတိယကမ္ဘာစစ်ကို မီးမွှေးသူ အာဏာရှင်ကြီး ဟစ်တလာတွင် ဝှေးစေ့တစ်လုံးသာရှိဟုဆို

ဘာလင်၊ ဒီဇင်ဘာ-၂၁ ။            ။ ဆေးမှတ်တမ်းတစ်ခုအရ အဒေါ့ဖ် ဟစ်တလာမှာ ဝှေးစေ့တစ်ခု တည်းသာရှိနေတယ်လို့ ဂျာမန်မီဒီယာက ဒီဇင်ဘာ ၁၉ရက်နေ့က ပြောကြားခဲ့တာကြောင့် အာဏာရှင်ကြီးမှာ ဘောတစ်လုံးပဲရှိတယ်လို့ ဆိုထားတဲ့ နာမည်ကျော် ဗြိတိသျှသီချင်းတစ်ပုဒ်ဟာ တချို့တဝက် မှန်ကန်နေတာကို ဖော်ပြနေပါတယ်။

ပထမကမ္ဘာစစ်အတွင်းက ဆုမ်းမ်(Somme)စစ်ပွဲမှာ တစ်လုံးကို ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ ကောလဟာဠတွေနဲ့အတူ ဟစ်တလာမှာ ဝှေးစေ့တစ်လုံး ပျောက်ဆုံးနေတယ်လို့ ကာလကြာမြင့်စွာကတည်းက ခန့်မှန်းချက်တွေ ထွက်ပေါ်လာနေခဲ့ပါတယ်။

၁၉၂၃ခုနှစ်က မအောင်မြင်တဲ့ မြူးနစ်ဘီယာခန်းမ တော်လှန်ရေးပြီးနောက် ဟစ်တလာ ထောင်ချခံခဲ့ရစဉ်က ဆေးမှတ်တမ်းတစ်ခုအရ ဟစ်တလာဟာ ညာဘက် ဝှေးစေ့တစ်လုံးက ကပ္ပာယ်အိတ်ထဲကို မဆင်းတဲ့ရောဂါကို ခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရာဝန်ရဲ့ မှတ်ချက်တွေဟာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ပုံရပေမယ့်လည်း ၂၀၁၀ခုနှစ်၊ လေလံပွဲတစ်ခုမှာ ပေါ်ထွက်လာခဲ့ပေမယ့်လည်း အာဏာပိုင်တွေက သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

‘အတွေ့အကြုံရင့် ဆေးဘက်ဆိုင်ရာ အရာရှိက အခြေအနေကို ချက်ချင်း သဘောပေါက်ခဲ့ပါတယ်’ဟု မှတ်တမ်းကို လေ့လာခွင့်ရခဲ့သည့် အရောင်းထိပ်တန်းသတင်းစာ Bild က သမိုင်းပညာရှင် ပီတာ ဖလက်ရှ်မန်းကို ကိုးကား ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly