IS တို့ ထိန်းချုပ်ထားသော ရာမာဒီမြို့မှ ပြည်သူများမြို့ကို စွန့်ခွာရန် အီရတ်စစ်တပ်တောင်းဆို

IS တို့ ထိန်းချုပ်ထားသော ရာမာဒီမြို့မှ ပြည်သူများမြို့ကို စွန့်ခွာရန် အီရတ်စစ်တပ်တောင်းဆို

ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၁ ။          ။ IS စစ်သွေးကြွများ ထိန်းချုပ်ထားသော နိုင်ငံအနောက်ပိုင်း ရာမာဒီရှိ ပြည်သူများ ၇၂ နာရီအတွင်း မြို့ကိုစွန့်ခွာကြရန် အီရတ်စစ်လေယာဉ်များက ဒီဇင်ဘာ ၂၀က စာရွက်များ ကြဲကာ တောင်းဆိုခဲ့သည်ဟု စစ်တပ်ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောသည်။ "ဒါဟာ မြို့လယ်ကို ပြန်သိမ်းဖို့ ကြီးမားတဲ့ စစ်ဆင်ရေးကြီး စတော့မယ်ဆိုတဲ့ အချက်ပေးမှုတစ်ခုပါ"ဟု အမည် မဖော်သည့် အရာရှိတစ်ဦးကလည်း ပြောသည်။

မြို့နေသူများ မြို့မှ ထွက်ခွာရာတွင် အန္တရာယ်ကင်းသည့် လမ်းကြောင်းများကို ကြဲချခဲ့သည့် စာရွက်များတွင် ပြသထားပြီး ၎င်းတို့အနေဖြင့် သင့်လျော်သည့် စာရွက်စာတမ်းအထောက်အထားများ ယူဆောင် သွားကြရန်လည်း တောင်းဆိုထားသည်ဟု ပူးတွဲစစ်ဆင်ရေးပြောခွင့်ရအမျိုးသား ဗိုလ်မှူးချုပ်ယာဟီယားရာဆူးလ်က ရိုက်တာသို့ ဖုန်းဖြင့်ပြောသည်။ "သူတို့ဆီကို ချဉ်းကပ်လာတဲ့ အရပ်သားတွေနဲ့ ပတ်သက်လို့ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးကို ညွှန်ကြားထားပါတယ်"ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်က အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရာမာဒီရှိ ရှေ့တန်းစခန်းနှစ်ခုကို ချီတက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကွပ်ကွဲရေးစခန်းတစ်ခုနှင့် မေလက အိုင်အက်စ်တို့ သိမ်းပိုက်ခဲ့သည့် မြို့၏အနောက်ဖက်စွန်း အယ်လ်တာမင်ရပ်ကွက်ရှိ စစ်သွေးကြွများကို ရှင်းလင်းခဲ့သည်။

ဆွန်နီအန်ဘာပြည်နယ်၏ မြို့တော် ရာမာဒီမြိုလယ်တွင် အခိုင်အမာနေရာယူထားသူ အိုင်အက်စ်စစ်သွေးကြွ အရေအတွက်မှာ ၂၅၀နှင့် ၃၀၀ကြားရှိမည်ဟု အီရတ်ထောက်လှမ်းရေးက ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags