အကြမ်းဖက်မှု ခြိမ်းခြောက်ချက်ကြောင့် နယူးဟင့်ပရှိုင်းယား၊ နာရှူရာမှ ကျောင်းအားလုံးပိတ်

အကြမ်းဖက်မှု ခြိမ်းခြောက်ချက်ကြောင့် နယူးဟင့်ပရှိုင်းယား၊ နာရှူရာမှ ကျောင်းအားလုံးပိတ်

နာရှူရာ၊ ဒီဇင်ဘာ - ၂၁ ။            ။ အထက်တန်းကျောင်းနှစ်ကျောင်းကို ရည်ရွယ်သည့် အကြမ်းဖက်မှု ခြိမ်းခြောက်ချက် အသေးစိတ်ကို ခရိုင်နယ်မြေက ဒီဇင်ဘာ ၂၁ ရက်နေ့တွင် လက်ခံရရှိ ခဲ့ပြီးနောက်တွင် နယူးဟင့်ပရှိုင်းယားပြည်နယ်၊ နာရှူရာမှ အစိုးရကျောင်းအားလုံးကို ပိတ်ထားမည်ဖြစ်သည်ဟု ဆိုသည်။

ခြိမ်းခြောက်ချက်မှာ မည်မျှလောက်အထိ ယုံကြည်ရသည်ကိုမူ အာဏာပိုင်များကိုယ်တိုင် မသိရှိကြပေ။ သို့ရာတွင် ရရှိသည့် အသေးစိတ်အချက်အလက်များအရ ကျောင်းတစ်ကျောင်း ထက်ပို၍ ဖြန့်ကျက် ထားသည်ဖြစ်သောကြောင့် မပြေးသော်ကန်ရာရှိအနေဖြင့် ကျောင်းသားအားလုံးကို မိမိတို့ အိမ်များတွင်သာ နေကြရန် နယ်မြေရဲအရာရှိ မာ့ခ် ကွန်းရက်က တိုက်တွန်းထားသည်။

နာရှူရာကျောင်းနယ်မြေတွင် မူလတန်းကျောင်း ၁၂ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်းနှင့် အထက်တန်းကျောင်း ၂ကျောင်း ပါဝင်သည်။ ‘အထက်တန်းကျောင်း နှစ်ကျောင်းစလုံးက ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို အန္တရာယ်ပြုမယ့် အကြမ်းဖက်မှု ခြိမ်းခြောက်ချက် အသေးစိတ်ကို လက်ခံရရှိထားပါတယ်’ဟု ကွန်းရတ်က ပြောကြားခဲ့သည်။

‘ခြိမ်းခြောက်ချက် ကျောင်းအတော်များများကို ဖြန့်ကျက်ထားတာကြောင့် ကျနော်တို့ သတိကြီးကြီးထားပြီး မနက်ဖြန်မှာ နာရှူရာက အစိုးရကျောင်းအားလုံးကို ပိတ်ထားပါမယ်’ဟု ကွန်းရတ်က ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly