ဟီလာရီကလင်တန်ကို လူလိမ်ဟု ထရမ့်ပြော

ဟီလာရီကလင်တန်ကို လူလိမ်ဟု ထရမ့်ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁ ။          ။ နိုင်ငံခြားသားမွတ်စလင်များကို အမေရိကန်နိုင်ငံအတွင်း ဝင်ခွင့်မပြုရန် အမေရိကန် ရီပတ်ဘလစ်ကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်သည် အိုင်အက်စ်၏ ဝါဒဖြန့်ချိမှုကို အထောက်အကူပြုနေသည်ဟု ဒီမိုကရက် ဟီလာရီကလင်တန်က ပြောကြားသည့်အတွက် ဟီလာရီကလင်တန်သည် လူလိမ်တစ်ယောက်ဟု ထရမ့်က ခေါ်ဆိုလိုက်သည်။

တစ်ပြေးနေသည့် ရီပတ်ဘလစ်ကင် ကိုယ်စားလှယ်လောင်း ထရမ့်သည် အိုင်အက်စ်အုပ်စု၏ အကောင်းဆုံးလူသစ်စုဆောင်းပေးသူဖြစ်သည်ဟု ဒီဇင်ဘာ ၁၉က အခြေအတင်ဆွေးနွေးပွဲ တစ်ခုတွင်ပြော ကြားခဲ့သော စွပ်စွဲချက်အတွက် မစ္စက်ကလင်တန်တွင် အထောက်အထားမရှိဟု မစ္စတာထရမ့်က NBC၏ Meet the Press အစီအစဉ်တွင် ပြောကြားခဲ့သည်။ " သူက လူလိမ်တစ်ဦးပါ။ ဒါကို လူတိုင်းသိ ပါတယ်။ မရေမရာနဲ့ မရှိတာကို ရှိသလိုလိုလုပ်ပြောတာပါ" ဟုမစ္စတာ ထရမ့်ကပြောသည်။

လူ ၁၄ဦးသေဆုံးစေခဲ့သော ဆန်ဘာနာဒီနိုတိုက်ခိုက်မှုအပြီး မွတ်စလင်အားလုံး အမေရိကန်သို့ ဝင်ရောက်မှု ပိတ်ပင်ရန် မစ္စတာထရမ့်၏ တောင်းဆိုမှုကြောင့် ပြိုင်ဘက် ရီပတ်ဘလစ်ကင်များက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့သည့်အပြင် မစ္စက်ကလင်တန်ကဲ့သို့ ဒီမိုကရက်များကလည်း ဝေဖန်ခဲ့ကြသည်။

အိုင်အက်စ်သည် တိုက်ခိုက်ရေးသမားများ ရရှိရေးအတွက် မစ္စတာထရမ့်၏ ပိတ်ပင်ရေးတောင်းဆိုချက်ကို အသုံးပြုနေသည်ဟု ဒီမိုကရက်တစ် အခြေအတင်ဆွေးနွေးပွဲတွင် မစ္စက်ကလင်တန်က ပြောကြား ခဲ့သည်။ "အိုင်အက်စ်တွေဟာ နောက်ထပ်အစွန်းရောက်တိုက်ခိုက်ရေးသမားတွေကို လူသစ်စုဆောင်းဖို့ အစ္စလာမ်နဲ့ မွတ်စလင်တွေကို စော်ကားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဗီဒီယိုကိုပြပြီး စည်းရုံးတော့မည်"ဟု ဒီမိုကရက်မှ တစ်ပြေးနေသူ မစ္စက်ကလင်တန်က ပြောကြားခဲ့သည်။

သို့သော်လည်း အိုင်အက်စ်သည် မစ္စတာထရမ့်၏ မွတ်စလင်ပိတ်ပင်ရေးတောင်းဆိုချက်ကို ၎င်းတို့၏ တရားဝင် အွန်လိုင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားခြင်း မရှိသေးကြောင်း အွန်လိုင်းတွင် အစ္စလာမစ် လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကျွမ်းကျင်သူများနှင့် ရိုက်တာသတင်းထောက်များက မတွေ့ရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly