အစ္စရေးပြည်ထဲရေးဝန်ကြီး လိင်ကိစ္စကြောင့် ရာထူးမှ နှုတ်ထွက်

အစ္စရေးပြည်ထဲရေးဝန်ကြီး လိင်ကိစ္စကြောင့် ရာထူးမှ နှုတ်ထွက်

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၁ ။               ။ အစ္စရေးနိုင်ငံမှ ပြည်ထဲရေးဝန်ကြီး စီဗန်ရှာလွန်က လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုများ ကျုးလွန်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက် ရာထူးက နှုတ်ထွက်သွားခဲ့သည်။

ရှာလွန်သည် ၎င်းတာဝန်ရယူထားသည့် လက်ထောက်ဝန်ကြီးချုပ်ရာထူးကလည်း ဆင်းပေးခဲ့ပြီး သူ့၏ မိသားစုအပေါ် မည်သည့်ဒုက္ခမျှ မခံစားစေလို၍ ယခုကဲ့သို့ ရာထူးက နှုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အမျိုးသမီးတစ်ချို့က တိုင်တန်းထားသည့် ရှာလွန်၏ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်း စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းရန် ရှေ့နေချုပ်က အမိန့်ထုတ်လိုက်သည်။ ရှာလွန်ကမူ မည်သည့် မှားယွင်းမှုမျှ မကျုးလွန်ကြောင်း ငြင်းဆန်သည်။

အစ္စရေးနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အဆင့်မြင့်အရာရှိကြီးများ၏ အလားတူ လိင်မှုကိစ္စပြဿနာအချို့ ဖြစ်ပွားခဲ့သည်။

အတုအယောင်လိမ်လည်မှုနှိမ်နှင်းရေး ရဲအကြီးအကဲဖြစ်သူလည်း လိင်မဖွယ်မရာပြုကျင့်မှုဖြင့် စစ်ဆေးခံနေရလျက်ရှိသည်။ ပြီးခဲ့သည့်လအတွင်းကလည်း အစိုးရညွန့်ပေါင်းအဖွဲ့ဝင် အမတ်တစ်ဦးလည်း လိင်အနှောင့်အယှက်ကျုးလွန်မှု စွပ်စွဲချက်များဖြင့် ရာထူးက နှုတ်ထွက်ခဲ့ရသည်။

၂၀၁၁ ခုနှစ်အတွင်းက ယခင် သမ္မတဟောင်း မိုရှီကာဆာ့ဗ်အား မုဒိမ်းမှုဖြင့် ထောင်ခုနစ်နှစ် စတင်ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly