ရှန်ကျန်စက်မှုဇုန်မြေပြိုမှု ပျောက်ဆုံးသူ ၉၁ ဦးအထိမြင့်တက်လာ

ရှန်ကျန်စက်မှုဇုန်မြေပြိုမှု ပျောက်ဆုံးသူ ၉၁ ဦးအထိမြင့်တက်လာ

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ။              ။ နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုတစ်ခုတွင် ပျောက်ဆုံးသည့် လူအရေအတွက်မှာ နှစ်ဆနီးပါးမြင့်တက်လာကာ ၉၁ ဦးအထိသို့ ရောက်ရှိလာကြောင်း နိုင်ငံ ပိုင်မီဒီယာက ဒီဇင်ဘာ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ နောက်ဆုံးစက်မှုဇုန်ကပ်ဆိုးတစ်ခုဖြစ်စဉ်တွင် ကြီးမားသည့် ဆောက်လုပ်ရေးစွန့်ပစ်ပုံကြီးပြိုကျကာ အဆောက်အဦ ၃၃ လုံးပေါ် ပိကျခဲ့ ပြီးနောက် နောက်တစ်နေ့တွင် ယင်းသို့ ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

တောင်ပိုင်းရှိ ရှန်ကျန်မြို့တွင် ဖြစ်ပွားခဲ့သော ယင်းကပ်ဆိုးကို တရားဝင်စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဝန်ကြီးချုပ်လီခယ်ချန်းက အမိန့်ပေးခဲ့သည်။ လွန်ခဲ့သည့်လေးလကလည်း နိုင်ငံမြောက်ပိုင်း ထျန်ကျင်းဆိပ်ကမ်းမြို့တွင် ကြီးမားသည့် ဓါတုပစ္စည်းပေါက်ကွဲမှုများကြောင့် လူ ၁၆၀ကျော်သေဆုံးခဲ့သည်။

မြို့၏ အနောက်မြောက်ပိုင်း ကွမ်မိန်ကွက်သစ်ရပ်ရှိ ဟန်ထယ်ယု စက်မှုဇုန်ရှိ အထပ်များစွာရှိ အဆောက်အဦများပေါ်သို့ ရွှံ့မြေနံရံတစ်ခုက ပြိုကျခဲ့ပြီး အဆောက်အဦများလည်း ပြိုကျခဲ့သည်။

မြေပြိုမှုဖြစ်ပွားရခြင်းမှာ အနီးရှိ စွန့်ပစ်ဆောက်လုပ်ရေးရွှံ့မြေများ စုံပုံနေခြင်းကြောင့်ဖြစ်သည်ဟု ဖြစ်သည်ဟု မြေယာနှင့်အရင်းမြစ်ဝန်ကြီးဋ္ဌာနက ၎င်း၏တရားဝင် ဝေးပိုဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ ကွမ်တောင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ကြီးမားလှသည့် စွန့်ပစ်ပုံကြီးက မတ်စောက်လွန်းသည်ဟု ပြောကြားခဲ့သည်။ ယင်းသို့မတ်စောက်မှုက မတည်ငြိမ်ဖြစ်ကာ ပြိုကျခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အနီးရှိ တရုတ်၏ ကြီးမားသည့် အရှေ့-အနောက် သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ အစိတ်အပိုင်းတစ်ခုလည်း ပေါက်ကွဲခဲ့သည်။ တရုတ်နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက အစီရင်ခံခဲ့သည်။ သို့သော်လည်း ယင်းသို့ပေါက်ကွဲမှုကြောင့် မြေပြိုမှုအပေါ် သက်ရောက်မှုရှိမရှိ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly