ပါကစ္စတန်တွင် အပူလှိုင်း ကျရောက်ပြီး နှစ်ရက်အတွင်း လူပေါင်း ၁၃၀ ကျော် သေဆုံး

ပါကစ္စတန်တွင် အပူလှိုင်း ကျရောက်ပြီး နှစ်ရက်အတွင်း လူပေါင်း ၁၃၀ ကျော် သေဆုံး
ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝါမြို့တွင် အပူဒဏ်သက်သာစေရန် ကလေးများ ဆာဒါယက်မြစ်အတွင်း ခုန်ဆင်းနေစဉ်။ (ဓာတ်ပုံ -
ရိုက်တာ)

ပရက်စ်တီဗီ (ကရာချိ)။ ။ ပါကစ္စတန်နိုင်ငံ၏ ဆိပ်ကမ်းမြို့ကရာချိတွင် အပူလှိုင်းကြောင့် သေဆုံးသူပေါင်း ၁၃၀ ကျော်ထက် မနည်းရှိပြီ ဖြစ်သည်။

နိုင်ငံတောင်ပိုင်းတွင် ကျရောက်နေသည့် အပူလှိုင်းအတွင်း သေဆုံးသူပေါင်းသည် ၁၃၁ ဦးအထိ ရှိကြောင်း Pakistani Geo TV က သတင်းဖော်ပြသည်။

နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ယင်းကရာချိမြို့တွင် ဇွန် ၂၀ ရက်က အပူချိန် ၅၀ ဒီဂရီဆဲစီးရပ်စ် (၁၂၂ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့ပြီး နှစ်ရက်အတွင်း လူရာနှင့်ချီ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးမှုများသည့် အပူကြောင့်ဖြစ်သည့် ရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း Jinnah Post Graduate Medical Center ကျန်းမာရေးဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဆီမီဂျာမယ်လီက အတည်ပြုပြောသည်။

မွတ်စလင်ဥပုသ်လ ရာမာဒန်လအတွင်း ပါကစ္စတန်တောင်ပိုင်းတွင် ယင်းသို့အပူလှိုင်း ကျရောက်စဉ် ရေရှားပါးမှုနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများလည်း ဖြစ်ပွားနေသည်။

လျှပ်စစ်မီး ပြတ်တောက်ခြင်းများက အဆိုးဆုံး အခြေအနေဖြစ်ပြီး မြို့နေ သန်း ၂၀ ရှိသည့် ကရာချိသို့ ရေထောက် ပံ့ပို့လွှတ်မှုကိုလည်း လုံလောက်စွာ မပေးနိုင်ဘဲ ဖြစ်နေသည်။

လာမည့်ရက်အတွင်း အပူချိန် ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသဌာနက ပြောသော်လည်း ဆရာဝန်များက လူများကို နေရောင် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကာ အိမ်များ အတွင်းမှာပင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly