ချင်းမိုင်တွင် ခရီးသွားဧည့်သည်ယာဉ် တိမ်းမှောက်၍ တရုတ်ဧည့်သည် ၁၂ ဦး သေဆုံး

ချင်းမိုင်တွင် ခရီးသွားဧည့်သည်ယာဉ် တိမ်းမှောက်၍ တရုတ်ဧည့်သည် ၁၂ ဦး သေဆုံး

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ။              ။ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဒီဇင်ဘာ ၂၀ ရက်က ခရီးသွားယာဉ် တိမ်းမှောက်မှုဖြစ်ရာ တရုတ်ခရီးသွားဧည့်သည် ၁၂ ဦးသေဆုံးပြီး ကားပေါ် အတူလိုက်ပါလာသူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ယာဉ်မတော်တဆမှုမှာ ချင်းမိုင်-ချင်းရိုင် အဝေးပြေးလမ်းမပေါ်တွင်ဖြစ်ပွားပြီး နံနက် ၁၁ နာရီခွဲဝန်းကျင်၌ ပါမိုင်ခရိုင်ခွဲ ဘန်ပန်ဖန်ကျေးရွာနားတွင် ယာဉ်တိမ်းမှောက်ခြင်းဖြစ်ကြောင်း   ဘေးအန္တရာယ်ကာကွယ်ရေးဌာန ညွန်ကြားရေးမှူး ချတ်ချိုင်ပရွမ်လက်က ပြောသည်။

အဆိုပါ ခရီးသွားဧည့်သည်ယာဉ်က ချင်းရိုင်မှ ချင်းမိုင်သို့ ဦးတည်မောင်းနှင်ခဲ့ရာတွင် ခရီးသည်တင်ကားတစ်စီးနှင့် တိုက်မိပြီး လမ်းဘေးသို့ အရှိန်ဖြင့် တိမ်းမှောက်သွားခြင်းဖြစ်သည်။

ကယ်ဆယ်ရေးသမားများက ဒဏ်ရာရသူများကို ဒေသတွင်း ဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့သည်။ ယာဉ်တိုက်မိပြီးချင်း ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကားမောင်းသူအား ဒဏ်ရာများနှင့်အတူ ဖမ်းဆီးခဲ့ရကာ ဆေးရုံသို့ တင်ပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly