နိုင်ဂျီးရီးယား ငါးစျေးအတွင်း အမျိုးသမီး အသေခံဗုံးခွဲသမားများ တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

နိုင်ဂျီးရီးယား ငါးစျေးအတွင်း အမျိုးသမီး အသေခံဗုံးခွဲသမားများ တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံး

(မက်ဒူဂူရီ)။ ။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း မက်ဒူဂူရီ မြို့ရှိ ငါးဈေးအတွင်း အမျိုးသမီး အသေခံ ဗုံးခွဲသမားများက ဗုံးဖေါက်ခွဲရာ လူပေါင်း အနည်းဆုံး ၂၀ သေဆုံးကြောင်း  သိရသည်။

ဈေးအတွင်း ယင်းအမျိုးသမီးများက သူတောင်းစားများ ဟန်ဆောင်ကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အား
တွေ့မြင်ခဲ့သူများက ပြောသည်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း အသေခံဗုံးခွဲမှုများ လုပ်ဆောင်လေ့ရှိသည့် ဘိုကိုဟာရမ်အဖွဲ့က ယခုဖြစ်ရပ်အတွက် တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိသေးပေ။

မက်ဒူဂူရီမြို့သည်လည်း ဘိုကိုဟာရမ်အဖွဲ့ စတင်ဖွဲ့စည်းရာ မြို့ဖြစ်ပြီး နိုင်ဂျီးရီးယား စစ်တပ်က တိုက်ခိုက်ရေး မဟာဗျူဟာအရ စစ်ဌာနချုပ်များကို မြို့တော် အဘူဂျာမှနေ၍ မကြာသေးမီက မက်ဒူဂူရီမြို့သို့ ပြောင်းရွှေ့အခြေချခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly