အာဖရိကသမဂ္ဂက ဘူရွန်ဒီနိုင်ငံသို့ တပ်ဖွဲ့ဝင် ၅,၀၀၀စေလွှတ်မည်

အာဖရိကသမဂ္ဂက ဘူရွန်ဒီနိုင်ငံသို့ တပ်ဖွဲ့ဝင် ၅,၀၀၀စေလွှတ်မည်

အဒစ်ဘာဘာ၊ ဒီဇင်ဘာ ၁၉ ။              ။ ဘူရွန်ဒီနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန် အာဖရိကသမဂ္ဂက(AU) တပ်ဖွဲ့ဝင် ၅,၀၀၀ တပ်ဖွဲ့တစ်ခုကို စေလွှတ်မည်ဖြစ်ရာ ဘူရွန်ဒီနိုင်ငံအနေဖြင့် သဘောတူညီရန် လေးရက်ကြာအချိန်ရမည်ဟု အဖွဲ့ဝင် ၅၄ နိုင်ငံပါအဖွဲ့၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

AU တပ်ဖွဲ့တွင် ကနဦး စစ်နှင့် ရဲတပ်ဖွဲ့ဝင် ၅,၀၀၀ပါရှိမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈နေ့နောက်ပိုင်းက AU ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီ(PSC)၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့၏ လက်ရှိဆုံးဖြတ်ချက်ကို တားဆီးပိတ်ဆို့သူ မည်သူမဆို မည်သည့်အဖွဲ့မဆို သင့်လျော်သည့် အရေးယူဆောင်ရွက်သွားမည်ဟုလည်း AU ကြေညာချက်တွင် သတိပေးထားသည်။

ကုန်းတွင်ပိတ်နိုင်ငံငယ်လေး ဘူရွန်ဒီတွင် ဧပြီလကတည်းက အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေခဲ့မှု အပေါ် နိုင်ငံတကာက စိုးရိမ်ထိတ်လန့်နေစဉ် AU ၏အစီအစဉ်ပေါ်လာသည်။

ဘူရွန်ဒီသည် ပြည်တွင်းစစ်နုတ်ခမ်းတွင် ရှိနေပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ယခုသီတင်းပတ်အစောပိုင်းက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly