၂၀၁၆ Brit Awards ဆုပေးပွဲတွင် ဖျော်ဖြေတင်ဆက်သွားမယ့် အဒဲလ်

၂၀၁၆ Brit Awards ဆုပေးပွဲတွင် ဖျော်ဖြေတင်ဆက်သွားမယ့် အဒဲလ်

ကမ္ဘာကျော်အဆိုတော် အဒဲလ်သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပပြုလုပ်မည့် Brit Awards ဆုပေးပွဲတွင် ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။ အဒဲလ်၏ တတိယမြောက် တေးသီချင်း အယ်လ်ဘမ် “25” သည် စံချိန်အားလုံးကို ချိုးဖျက် နိုင်ခဲ့ပြီး အဒဲလ်အတွက် အအောင်မြင်ဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

ဗြိတိန်နိုင်ငံတွင် “25” တေးသီချင်း အယ်လ်ဘမ်သည် ရောင်းအားအကောင်းဆုံး တေးသီချင်းအယ်လ်ဘမ် တစ်ခု ဖြစ်ခဲ့သည့်အပြင် တစ်ချိန်လုံး download ဆွဲယူမှုအများဆုံး နံပါတ်တစ် တေးသီချင်း အယ်လ်ဘမ် ဖြစ်သည်။

“အဒဲလ်က အောင်မြင်မှုတွေ ရရှိထားပါတယ်။ ကျွန်တော်တို့ Brits ဆုရွေးချယ်ရေး အဖွဲ့အနေ နဲ့ အဒဲလ်ရဲ့ အတိတ်၊ ပစ္စုပန်နဲ့ အနာဂတ်ကာလအတွက် ဝမ်းမြောက်ပျော်ရွှင်ပါတယ်” ဟု Brits ဥက္ကဋ္ဌ မက်ဇ်လူးစ်ဆာဒါက ပြောကြားသည်။

အဒဲလ်သည် ၂၀၀၈ ခုနှစ်က Critics’ Choice Award ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က “21” တေးသီချင်း အယ်လ်ဘမ်ဖြင့် တစ်နှစ်တာအကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်ဆု၊ တစ်နှစ်တာ အကောင်းဆုံး ဗြိတိန်အမျိုးသမီး အဆိုရှင်ဆုတို့ကိုရရှိခဲ့သည့်အပြင် ၂၀၁၃ ခုနှစ်ကလည်း ဂျိမ်းစဘွန်း ဇာတ်ကားတွင် ပါဝင်သည့် ၎င်း၏ “Skyfall” တေးသီချင်းဖြင့် တစ်နှစ်တာအကောင်းဆုံး ဗြိတိန်တစ် ကိုယ်တော် တေးသီချင်းဆုတို့ကို ရရှိခဲ့သည်။

Brit Awards ဆု ဆန်ခါတင်စာရင်းကို ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပြီး ဆုပေးပွဲ အခမ်အနားကို ITV မှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မြောက် အမေရိက၊ ဗြိတိန်နှင့် အိုင်ယာလန် နိုင်ငံတို့သို့ ကမ္ဘာလှည့်ဖျော် ဖြေရေး ခရီးစဉ်များ ရှိခြင်းကြောင့် အဒဲလ်အတွက် အလုပ်များသော နှစ်တစ်နှစ် ဖြစ်သည်။ အဒဲလ် သည် ၂၀၁၆ Brit Awards ဆုပေး တွင် ဖျော်ဖြေ တင်ဆက်သွားမည်ဟု ပထမဆုံး အတည်ပြု ပြောကြားခဲ့သူ တစ်ဦးဖြစ်ပြီး Brit ဆုပေးပွဲတွင် အပ်နှင့်ဒပ် ဟာသသရုပ်ဆောင်နှစ်ဦးက  အခမ်းအနား အစီစဉ်မှူးအဖြစ် ဆောင်ရွက်သွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly