Facebook တည်ထောင်သူ Zuckerberg က သမီးငယ် Max ကို “Star Wars” ဇာတ်ကားထဲမှ Jedi ဝတ်ရုံကို ဆင်မြန်းပေးခဲ့

Facebook တည်ထောင်သူ Zuckerberg က သမီးငယ် Max ကို “Star Wars” ဇာတ်ကားထဲမှ Jedi ဝတ်ရုံကို ဆင်မြန်းပေးခဲ့

ဒီဇင်ဘာ ၁၈ ။              ။ “Star Wars” ရုပ်ရှင်ပရိသတ် တစ်ဦးဖြစ်သည့် Mark Zuckerberg သည် သူ၏ သမီးငယ် Max အား “Star Wars” ဇာတ်ကားထဲမှ Jedi ဝတ်ရုံကို ဆင်မြန်းပေးခဲ့ကာ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ထိုဓာတ်ပုံကို သူ၏ Facebook Page တွင် တင်ခဲ့သည်။

Facebook တည်ထောင်သူ Mark Zuckerberg ၏ သမီးငယ် Max ကို လွန်ခဲ့သော နှစ်ပတ် ကျော်ခန့်က မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထိုဓာတ်ပုံမှာ Facebook တွင် like ပေါင်း တစ်သန်းကိုးသိန်းကျော် ရရှိနေပြီဖြစ်ကာ ထိုဓာတ် ပုံအား ထပ်ဆင့် မျှဝေထားသူပေါင်း သုံးသောင်းခုနစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။

သူ၏ဇနီး မီးဖွားသည့် ကာလဖြစ်သောကြောင့် အသက် ၃၁ နှစ်အရွယ် Mark Zuckerberg သည် ကုမ္ပဏီမှ ခွင့်နှစ်လ ယူထားသည်။ “Star Wars: The Force Awakens” ဇာတ်ကားသစ်ကို အမေရိကန်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags