အာဖဂန်ပါလီမန်ကို တိုက်ခိုက်ခဲ့သည့် တာလီဘန်စစ်သွေးကြွခြောက်ဦးစလုံးကို လုံခြံုရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်ခဲ့

အာဖဂန်ပါလီမန်ကို တိုက်ခိုက်ခဲ့သည့် တာလီဘန်စစ်သွေးကြွခြောက်ဦးစလုံးကို လုံခြံုရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်ခဲ့

ကဘူးလ်၊ ဇွန် ၂၂ ။         ။ ဇွန် ၂၂ က အာဖဂန်ပါလီမန်ကို တိုက်ခိုက်ခဲ့သည့် တာလီဘန်သေနတ်သမား ခြောက်ဦးစလုံ ကို နှစ်နာရီကြာသေနတ်တိုက်ပွဲအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နိုင်ခဲ့သည်။ တိုက်ပွဲကြောင့် အနည်းဆုံး လူ၁၉ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အနက်ရောင်မီးခိုးများလည်း ကဘူးလ်မြို့ပေါ်လွှမ်းသွားခဲ့သည်။

ဗုံးများတင်ဆောင်လာသော ကားကိုမောင်းနှင်လာသော တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးက ပါလီမန်ဂိတ်ပေါက်များ အပြင်ဘက်တွင် ဖောက်ခွဲလိုက်ချိန် တိုက်ခိုက်မှုစတင်ခဲ့သည်ဟု ကဘူးလ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ အက်ဘ်ဒူလာ ကာရီမီက ပြောကြားခဲ့သည်။ ဖြစ်စဉ်တွင် ကားမောင်းလာသော တာလီဘန်တိုက်ခိုက်ရေးသမားသည် လုံခြုံရေးစစ်ဆေးရေး ဂိတ်အချို့ကို မည်သို့ဖြတ်ကျော်လာသနည်းဆိုသည့် မေးခွန်းများ ပေါ်ထွက်လာသည်။ သေနတ်သမားခြောက်ဦးသည် ပါလီမန် အဆောက်အဦးအနီး အဆောက်အဦးတစ်ခုတွင် နေရာယူခဲ့သည်ဟု ကာရီမီက ဆိုသည်။ နှစ်နာရီနီးပါးကြာသေနတ် တိုက်ပွဲ အပြီး လုံခြုံရေးတပ်ဖွဲ့များကိ အဆိုပါသေနတ်သမားခြောက်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။

ပါလီမန်အဆောက်အအုံရှိ အမတ်အားလုံးဘေးအန္တရာယ်ကင်းရှင်းကြောင်း ကဘူးလ်ရဲတပ်ဖွဲ့အကြီါ်အကဲ အက်ဘ်ဒူလ်ရာမန် ရာဟီမီက ပြောကြားခဲ့သည်။ ပါလီမန်ဥက္ကဋ္ဌက အေးဆေးစွာထိုင်နေစဉ် အမတ်များအဆောက်အဦးတွင်းမှ ထွက်ခွာနေပုံကို ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သည်။ ဒဏ်ရာရရှိသူ ၁၉ ဦးတွင် အမျိုးသမီး လေးဦးပါဝင်သည်ဟု သိရသည်။

တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဟု တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟာလာမူဂျာဟစ်က ပြောကြားခဲ့သည်။ "နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးကို မိတ်ဆက်ဖို့ အရေးကြီးတဲ့အစည်းအဝေးတစ်ခုလုပ်နေစဉ်မှာ ကျွန်တော်တို့ ပါလီမန်ကို တိုက်ခိုက်မှု တစ်ခုပြုလုပ်လိုက်ပါတယ်"ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။

တိုက်ခိုက်မှုအား မတားဆီးနိုင်မှုအတွက် ဥပဒေပြုအမတ်တစ်ဦးဖြစ်သူ ဖာဟက်ဆေဒီဒီက ဝေဖန်ခဲ့ပြီး "ဒါဟာ အစိုးရရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအေဂျင်စီတွေရဲ့ ကြီးမားတဲ့ ပျက်ကွက်မှုပါ "ဟု ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly