ခမ်ဒေါင်ဝမ်၊ လီဗြောင်ဟွန်းနှင့် ကင်ဝူဘင်းတို့ “Master” ဇာတ်ကားတွင် အတူ သရုပ် ဆောင်သွားမည်

ခမ်ဒေါင်ဝမ်၊ လီဗြောင်ဟွန်းနှင့် ကင်ဝူဘင်းတို့ “Master” ဇာတ်ကားတွင် အတူ သရုပ် ဆောင်သွားမည်

တောင်ကိုရီးယားမင်းသား ခမ်ဒေါင်ဝမ်၊ လီဗြောင်ဟွန်းနှင့် ကင်ဝူဘင်းတို့သည် “Master” ဇာတ်ကားတွင် အတူသရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

“Master” ဇာတ်ကားသည် ထောက်လှမ်း စုံစမ်းမှုများအပြင် ကြီးမားသော လိမ်လည်မှုနှင့် ရာဇဝတ်မှုများ အကြောင်းကို ပုံဖော်ရိုက်ကူးထားသော သည်းထိတ်ရင်ဖို ရာဇဝတ် အက်ရှင်ဇာတ် ကားတစ်ကား ဖြစ်သည်။ အဆိုပါဇာတ်ကားကို ဒါရိုက်တာ ဂျိုအီဆွတ်ခ်က ရိုက်ကူးသွားမည်ဖြစ်ပြီး ၎င်း၏ ဒုတိယမြောက်ဇာတ်ကား ဖြစ်သည်။

ခမ်ဒေါင်ဝမ်သည် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ကင်ဂျေးမြောင်အဖြစ် သရုပ် ဆောင်သွားမည်ဖြစ်ပြီး စုံထောက်ဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်မှုသည် မင်းသားခမ်ဒေါင်ဝမ် အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။

လီဗြောင်ဟွန်းသည် ယင်းဇာတ်ကားတွင် ခမ်ဒေါင်ဝမ်နှင့် ပထမဆုံးအကြိမ် တွဲဖက် သရုပ် ဆောင်ခြင်းဖြစ်ပြီး “One” အမည်ရှိ အကြီးအဆုံး လိမ်လည်မှုအဖွဲ့၏ အကြီးအကဲ ဂျင်အဖြစ်ပါဝင် သရုပ်ဆောင် သွားမည်ဖြစ်သည်။

ကင်ဝဘင်းသည် “One” အဖွဲ့၏ အဖွဲ့ဝင် ပက်ခ်ဂျောင်ဂွမ်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါဇာတ်ကားကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် စတင်ရိုက်ကူးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly