တစ်လုံးတစ်ခဲတည်း နိုင်ငံရေး ပင်စင်ကို လွှတ်တော် ကိုယ်စားလှယ်တွေ မငြင်းကြပါလား

တစ်လုံးတစ်ခဲတည်း နိုင်ငံရေး ပင်စင်ကို လွှတ်တော် ကိုယ်စားလှယ်တွေ မငြင်းကြပါလား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်မှာနေတဲ့ ဦးအေးလွင်ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ ထိုစာထဲမှာ ရေးထားတာကတော့ လွှတ်တော်ကိုယ်စာလှယ်တွေကို နိုင်ငံရေး ပင်စင် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရရှိရန် ဆောင်ရွက် နေတာကို သတင်းစာ၊ ဂျာနယ်တွေမှာ ဖတ်လိုက်ရတဲ့အတွက် အငြိမ်စား ဝန်ထမ်းတစ်ဦးအနေနဲ့ စာရေးချင်စိတ် ဖြစ်ပေါ်မိတာကြောင့် ပြည်သူတွေရဲ့ ခံစားချက်နဲ့ အတွေးအမြင်ကို ဖော်ပြပေးနေတဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးပေးပို့ခဲခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူ သတင်းထဲမှာ ဖတ်ရတာကတော့ လက်ရှိ လွှတ်တော်သက်တမ်း ၅ နှစ်ရှိတဲ့ လွှတ်တော် ကိုယ်စာလှယ်များနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိလာတဲ့ လွှတ်တော် ကိုယ်စာလှယ်များ ဟာလွှတ်တော်သက်တမ်း ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက် တစ်လုံးတစ်ခဲတည်း ပင်စင်ခံစား ခွင့် ရရှိမယ်လို့ ဖတ်လိုက်ရတယ်လို့ ပြောပါတယ်။ နောက်ဆုံးရခဲ့တဲ့ လစာကို လုပ်သက်နဲ့ မြှောက်ပြီး လို့ပေး မှာဖြစ်ပြီး ယခုလက်ရှိ လစာဆယ်သိန်းနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းကို မြှောက်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စာလှယ်တွေရဲ့ လစာဟာ ယခင်က သုံးသိန်းကျပ်ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် နိုဝင် ဘာလ ၂၈ ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့အတွက် လစာ ၁၀ သိန်း ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလစာကို စတင်ခွင့်ပြုတဲ့ အချိန်ကတည်းက သူ သဘောမကျခဲ့ပါဘူး။ လစာအပြင် လွှတ်တော်ကျင်းပတဲ့ ရက်တွေမှာ နေ့တွက်စရိတ်လည်း ခံစားခွင့်ရတာအပြင် ဒီနိုင်ငံမှာ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို လွှတ်တော်ကိုယ်စာလှယ်တွေက အကောင်အထည် ဖော်တာမဟုတ်ဘဲ ဌာနဆိုင်ရာ ဝန်ထမ်းတွေကသာ လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ဘာမှမလုပ်ဘဲနဲ့ ပြည်သူ့ဘဏ္ဍာ ခံစားခွင့်တွေ ယူနေကြသလို ဖြစ်နေလို့ သဘောမကျတာပါလို့ ဆိုပါတယ်။

သူမြင်တွေ့ရသလောက်တော့ လွှတ်တော် ကိုယ်စာလှယ်တွေ လုပ်တာဆိုလို့ လွှတ်တော်ခေါ် တဲ့ အချိန်မှာမှ ခန်းမကြီးထဲမှာထိုင်ပြီး သဘောမတူကို အတည်ပြုပေးရတာကိုပဲ သူမြင်မိပါတယ်လို့ ရေးပါ တယ်။ လွှတ်တော်နားတဲ့ အချိန်မှာလည်း မိမိတို့ ရွေးချယ်ခံရတဲ့ ဒေသပြည်သူတွေရဲ့ လိုအပ် ချက်တွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို လက်ချိုးရေလို့ ရပါတယ် လို့ ရေးပါတယ်။ ပြီးခါနီး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်ဟာ တစ်ခန်းရပ်ပြဇာတ် ကကြ သလို ပြီးသွားခဲ့တာကို နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ပေးရမယ်ဆိုတာကတော့ မဟုတ်သေးပါ ဘူး။ ငါးနှစ်တစ်ခါ လွှတ်တော်ကိုယ်စာလှယ်တွေ အပြောင်းအလဲဖြစ်ပြီး တိုးပွားလာမယ့် ကိုယ်စာလှယ် ဟောင်း အရေအတွက်ကြောင့် များပြားလှတဲ့ နိုင်ငံရေး ပင်စင်ငွေကြောင့် နိုင်ငံမှာ ပိုပြီးနလံမထူ နိုင်ဖြစ် မှာကို မတွေးမိကြတာ သူ အံ့သြမိပါတယ်လို့ ပြောပါတယ်။

ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေရဲ့ မျက်နျာကို မကြည့်ကြဘဲ မိမိကောင်းစားရေးအတွက် လွှတ်တော် ကိုယ်စာလှယ် အရွေးခံခဲ့ကြတာလားဆိုတာကို သံသယ ဖြစ်မိပါတယ်။ ကိုယ်ပေးခဲ့တာနဲ့ ယူကြမှာကို တန်ရဲ့လားလို့ စဉ်းစားပြီး ဆုံးဖြတ်ကြစေချင်ပါတယ်။ တကယ်ဆို ပေးတဲ့သူကပေးမယ် ပြောတာကို မယူသင့်ဘူးထင်ရင် ငြင်းကြရမှာိကု ငြင်းတဲ့သူ တစ်ယောက်မှမရှိတာကိုသူတင်မကဘူး ပြည်သူတွေက လည်း အံ့သြနေကြမှာပါပဲလို့ ရေးပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ နိုင်ငံအတွက် နှစ်ပေါင်းများစွာ အလုပ်အကျွေး ပြုကြပါတယ်။ မိမိရတဲ့လစာနဲ့ ပေးတဲ့တာဝန်ကို ကျေပွန်အောင်း ထမ်းရွက်ကြပါတယ်။

အချို့လည်း ရေသာခိုကြတာ လာဘ်စားကြတာတွေတော့ ရှိနေကြတာ မှန်ပေမယ့် ဝန်ထမ်းအများစုကတော့ ရတဲ့လစာမလောက်လည်း  အဆင်ပြေသလို နေကြပြီး မိမိတာဝန်ကို အပြည့်အဝ လုပ်ခဲ့ကြ တာပါပဲ။ အချိန်တန်လို့ ပင်စင်ယူတဲ့အခါ ဝန်ထမ်းတစ်ယောက်ရဲ့ နောင်ရေးအတွက် အာမခံချက်ရှိတဲ့ ပင်စင်ငွေ မရခဲ့ကြပါဘူးလို့ ဆိုပါတယ်။ သူလည်း အငြိမ်းစား ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် ပင်စာစားတစ်ယောက်ရဲ့ ဘဝနေဝင်ချိနိကု စာနာနား လည်းနိုင်တဲ့ လွှတ်တော်ကိုယ်စာလှယ်မျိုးကိုပဲ အလိုရှိပါတယ်။ ပြည်သူးတွေကို တကယ်လုပ် ပေးချင်လို့ လွှတ်တော်ကိုယ်စာလှယ် ဖြစ်ခဲ့တာ ဆိုရင်တော့ လွှတ်တော်ကိုယ်စာလှယ်တွေ အနေနဲ့ တစ်လုံးတစ်ခဲတည်း နိုင်ငံရေး ပင်စင်ကို ငြင်းသင့်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags