ဗန်းမောက်မြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးက အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်

ဗန်းမောက်မြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးက အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်

မုံရွာ၊ ဒီဇင်ဘာ ၁၇ ။            ။ စစ်ကိုင်းတိုင်ဒေသကြီး ဗန်းမောက်မြို့နယ်၊ မဲထုံရဲကင်းစခန်းမှ ရဲတပ်ကြပ်တစ်ဦးက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အ အသက် ၄၁နှစ်အရွယ်ရှိ မျိုးသမီးကို အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အသက် ၅၃နှစ်အရွယ်ရှိ ရဲတပ်ကြပ် မြင့်ဇော်သည် အမျိုးသားတစ်ဦးနှင့်အတူ အဆိုပါအမျိုးသမီး၏ ဈေးဆိုင်တွင် အရက်နှင့်ဘီယာ ဝယ်သောက်ပြီး ငွေရှင်းမည်ဟုဆိုကာ အခန်းအတွင်းသို့ ဆွဲခေါ်ကာ တွန်းလှဲပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ၁၅မိနစ်ခန့်အကြာတွင် ၎င်းအမျိုးသမီး၏ မောင်အရင်းဖြစ်သူ ပြန်ရောက်သည့်အချိန်မှ ခန္ဓာကိုယ်ပေါ်မှ ဆင်းသွားကြောင်း သိရသည်။

အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူဟု စွပ်စွဲခံထားရသည့် ရဲတပ်ကြပ်အားဗန်းမောက်မြိုမရဲစခန်း အမှုကြီးအမှတ်စဉ် ၂/၂၀၁၅၊ (ပ)၁၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၆ အရအမှုရေးဖွင့်ကာ ဖမ်းဆီးစစ်ဆေး လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly