Oh My Girl အဖွဲ့ကို ဗီဇာမှားယွင်းမှုကြောင့် ၀င်ခွင့်မပေးခဲ့ဟု အမေရိကန် ဆို

Oh My Girl အဖွဲ့ကို ဗီဇာမှားယွင်းမှုကြောင့် ၀င်ခွင့်မပေးခဲ့ဟု အမေရိကန် ဆို

တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Oh My Girl အဖွဲ့ကို  ဗီဇာမှားယွင်းမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ခွင့်မပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် လိင်လုပ်သားများဟု ထင်မှတ်ခဲ့ခြင်းမရှိကြောင်း  အမေရိကန် အကောက်ခွန် နှင့်နယ်စပ်ရေးရာကာကွယ်ရေးဌာနက ပြောကြားသည်။

အဖွဲ့ဝင်ရှစ်ဦးပါဝင်သော  Oh My Girl အဖွဲ့သည် တေးသီချင်းအယ်လ်ဘမ် မျက်နှာဖုံး ဓာတ်ပုံရိုက်ရန် အတွက် အမေရိကသို့ သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း အကောက်ခွန်ဌာနတွင် ၁၅ နာရီကြာ ထိန်းသိမ်းခံခဲ့ရသည်။

Oh My Girl အဖွဲ့ကိုင်ဆောင်ထားသော ဗီဇာသည် မှားယွင်းနေကြောင်း အမည်မဖော်လိုသူ အကောက်ခွန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော်  Oh My Girl  အဖွဲ့၏ အသံသွင်း ကုမ္ပဏီ  WM Entertainment က ထုတ်ပြန်သော အစီရင်ခံစာတွင်    အာဏာပိုင်များသည် အဖွဲ့ဝင်များ ဝတ်ဆင်ထားသော အဝတ်အစား အပြင်အဆင်များကြောင့် လိင်လုပ်သားများဟု ထင်မှတ်ကာ  ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း  ဖော်ပြထားသည်။

Oh My Girl အဖွဲ့သည်  တောင်ကိုရီးယား ခရီးသွားများအား ဗီဇာမပါမရှိဘဲ နိုင်ငံအတွင်း ရက် ၉၀ ကြာ နေထိုင်ခွင့်ပြုထားသည့် ဗီဇာသက်ညှာခွင့် အစီစဉ်အရ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။  

Oh My Girl အဖွဲ့ကို အာဏာပိုင်များက ကာယလုပ်သားများအဖြစ် မှားယွင်းခဲ့ခြင်းကြောင့် ၁၅ နာရီကြာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း  Oh My Girl အဖွဲ့၏ စီမံခန့်ခွဲမှု ကုမ္ပဏီက ပြောကြားသည်။ အမေရိကန် အကောင်ခွန်ဌာနက  Oh My Girl  အဖွဲ့ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့  လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags