တရုတ်နိုင်ငံ၊ ရှင်ကျန်ဒေသ၊ မွတ်စလင်များနေထိုင်သော ကောင်တီတွင် ဘီယာပွဲတော်ကျင်းပ အဝေးရောက်မွတ်စလင်ဝီဂါလူမျိုးအုပ်စု ဒေါသထွက်

တရုတ်နိုင်ငံ၊ ရှင်ကျန်ဒေသ၊ မွတ်စလင်များနေထိုင်သော ကောင်တီတွင် ဘီယာပွဲတော်ကျင်းပ အဝေးရောက်မွတ်စလင်ဝီဂါလူမျိုးအုပ်စု ဒေါသထွက်

ပေကျင်း၊ ဇွန် ၂၂ ။       ။ တရုတ်နိုင်ငံ၏ တည်ငြိမ်မှုမရှိသော ရှင်ကျန်ဒေသ၏ မွတ်စလင်များ ထူထပ်စွာနေထိုင်သောတောင်ပိုင်း ရှိ ကောင်တီနယ်တစ်ခုက မွတ်စလင်တို့၏ ရာမာဒန်ဥပုသ်လ အကြိုကာလအတွင်း ဘီယာပွဲတော်တစ်ခု ပြုလုပ်ခဲ့သည်ဟု အစိုးရ က ထုတ်ပြန်ခဲ့ရာ ယင်းသို့ပြုလုပ်ခြင်းမှာ ပေါ်ပေါ်ထင်ထင်ရန်စခြင်းဖြစ်သည်ဟု အဝေးရောက်ဝီဂါ မွတ်စလင်အုပ်စု တစ်ခုကပြော ကြားခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း တိုက်ခိုက်မှုအနည်းငယ်တိုးလာပြီးနောက် တရုတ်၏ အနောက်ဖျားစွန်း ရှင်ကျန်တွင် ရာမာဒန်သည် အတိမ်းအစောင်းမခံသည့် ကာလတစ်ရပ်ဖြစ်သည်။ တိုက်ခိုက်မှုများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။

ယင်းသို့ဖြစ်ခြင်းအတွက် ပေကျင်းက အစ္စလာမစ်စစ်သွေးကြွများကို အပြစ်တင်ခဲ့သည်။ ကွန်မြူနစ်ပါတီဝင်များ၊ အစိုးရဝန်ထမ်း များ၊ ကျောင်းသူကျောင်းသားများနှင့် ဆရာများအနေဖြင့် ရာမာဒန်ဥပုသ်လအတွင်း ဥပုသ်မစောင့်ရန် နိုင်ငံပိုင်မီဒီယာများနှင့် ရှင်ကျန်အစိုးရဝက်ဘ်ဆိုက်တို့က ထုတ်ပြန်ခဲ့သည်။

ဘီယာပွဲတော်ကို ရှင်ကျန်ဒေသတောင်ပိုင်း နီယာကောင်တီရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရှင်ကျန်ဒေသတွင် မွတ်စလင်ဝီဂါလူမျိုးအများစု နေထိုင်လျက်ရှိသည်။ အစ္စလာမ်ဘာသာအရ မွတ်စလင်များမှာ အရက်သောက်ခွင့်မရှိပေ။

အဝေးရောက်အုပ်စု ကမ္ဘာ့ဝီဂါကွန်ဂရက်၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဒီလ်ဇတ်ရာဇစ်က ဘီယာပွဲတော်ပြုလုပ်ခြင်းကို ရှုတ်ချခဲ့သည်။ "ဒါကတော့ အစ္စလာမ်ယုံကြည်မှုကို ပေါ်ပေါ်ထင်ထင် ရန်စမှုတစ်ခုပါ" ဟု အီးမေးလ်ကြေညာချက်တစ်ခုတွင် ၎င်းကပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly