စစ်ကောင်စီ၏ လုံလဲရ် တပ်စခန်းကို CNA/CDF- ထန်တလန် ပူးပေါင်းသိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံး

စစ်ကောင်စီ၏ လုံလဲရ် တပ်စခန်းကို CNA/CDF- ထန်တလန် ပူးပေါင်းသိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံး

စက်တင်ဘာ ၁၂

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ လုံလဲရ်တပ်စခန်းကို CNA/CDF-Thantlang က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး‌ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)က ယနေ့ စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၁ ရက် ည ၇နာရီ ၄၅ မိနစ်အချိန်တွင် CNA/CDF အင်အား ၄၀၀ ဝန်းကျင်ဖြင့် တိုက်ခိုက်ခဲ့ရာ ည ၉နာရီ ၃၀ မိနစ်အချိန်တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

CNA/CDF-ထန်တလန်တို့ဘက်မှ အကျအဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းကာ စခန်းအားမီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါတပ်စခန်းသည် ပထဝီအနေအထားအရ ချင်းပြည်နယ်ရှိစစ်ကောင်စီစခန်းများထဲတွင်အကောင်းဆုံးစခန်းဟုလည်းသိရသည်။

စက်တင်ဘာ ၁၀ ရက်က အဆိုပါ လုံလဲရ်တပ်စခန်းကို CNA/CDF ထန်တလန် ပူးပေါင်းအဖွဲ့တို့ အင်အား ၂၀ ‌ကျော်ဖြင့် တိုက်ခိုက်ခဲ့သေးသော်လည်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့သည့်အတွက် စခန်းကို မသိမ်းနိုင်ဘဲဆုတ်ခွာခဲ့ရသည်။

ဇူလိုင် ၂၄ ရက်နေ့ကလည်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မကွီအိမ်နူး တပ်စခန်းကို CNA/CDF မင်းတပ်မှ သိမ်းပိုက်ခဲ့ပြီး စခန်းမှူး ဗိုလ်ကြီး သိန်းထိုက်နှင့်တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခြင်းမပြုလုပ်ပဲ CDM ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required