မတော်တဆလဲကျရာမှ လိင်ဆက်ဆံမိလျှက်သားဖြစ်ရသည်ဟူသော လျှောက်လဲချက်ဖြင့် ဆော်ဒီသန်းကြွယ်သူဌေး မုဒိမ်းမှုစွဲချက်မှ လွတ်မြောက်

မတော်တဆလဲကျရာမှ လိင်ဆက်ဆံမိလျှက်သားဖြစ်ရသည်ဟူသော လျှောက်လဲချက်ဖြင့် ဆော်ဒီသန်းကြွယ်သူဌေး မုဒိမ်းမှုစွဲချက်မှ လွတ်မြောက်

လန်ဒန်၊ ဒီဇင်ဘာ-၁၆ ။           ။ ထူးဆန်း အံသြဖွယ်ရာပါပဲ။ ဆော်ဒီသန်းကြွယ်သူဌေးတစ်ယောက်ဟာ ချော်လဲရာက ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မတော်တဆ လိင်ဆက်ဆံ မိလျှက်သား (penetrated)ဖြစ်သွားတယ်လို့ ရုံးတော်မှာ လျှောက်လဲလိုက်တော့ ဆယ်ကျော်သက်မုဒိမ်းမှု စွဲချက်ကနေ လွတ်မြောက်သွားခဲ့ပါသတဲ့။

အိမ်ခြံမြေလုပ်ငန်းရှင် အာဆန် အဗ္ဗဒူလာဇစ် (၄၆နှစ်)ကို ၂၀၁၄ခုနှစ် သြဂုတ်လက လန်ဒန်အနောက်ပိုင်း မိုင်ဒါ ဘေးက သူ့တိုက်ခန်းထဲက ဆိုဖာပေါ် အိပ်ပျော်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးကို အင်အားသုံးခဲ့တယ်လို့ တရားစွဲခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဗ္ဗဒူလာဇစ်ရဲ့ လျှောက်လဲချက်က သင်းပါတယ်။ အင်္ဂါနေ့ထုတ် MailOnlineမှာ ဖော်ပြထားချက်အရ အဗ္ဗဒူလာဇစ်ဟာ ကောင်မလေးအပေါ် လဲကျသွားစဉ်မှာ သူ့ရဲ့ ယောကျာ်းဖြစ်မှုဟာ ထိုးထွက်နေခဲ့တယ်လို့ ဆိုပါတယ်။

Sothwark Crownရုံးတော်ကလည်း အမှုကို ကြားနာစစ်ဆေးအပြီးမှာ အဗ္ဗဒူလာဇစ်ကို မုဒိမ်းမှု စွဲချက်ကနေ ကွင်းလုံးချွတ်လွတ်ပေးလိုက်တော့ တရားဥပဒေဆိုတာလည်း စဉ်းစားစရာဖြစ်ခဲ့ရပါတယ်။

ဆယ်ကျော်သက်ကောင်မလေးဟာ ယမန်နှစ် သြဂုတ်လ ၇ရက်နေ့က West End က ဈေးကြီးနိုက်ကလပ်တစ်ခုမှာ သူဌေးကြီး အဗ္ဗဒူလာဇစ်နဲ့ တွေ့ခဲ့ကြတာဖြစ်ပြီး ထိုစဉ်က သူမဟာ အဗ္ဗဒူလာဇစ်နဲ့ သိကျွမ်းတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သူဌေးကြီးက သူတို့ကို သူ့ရဲ့ အော်စတင် မာတင်ကားနဲ့ အိမ်ကိုလိုက်ခဲ့ဖို့ ကမ်းလှမ်းလို့ သုံးဦးသားဟာ သူဌေးကြီးရဲ့ တိုက်ခန်းကို သွားခဲ့ကြပါတယ်။ အဲဒီမှာ သူဌေးကြီးက သူငယ်ချင်းဖြစ် သူကို လိင်ပျော်ပါးဖို့ အခန်းထဲကို ခေါ်မသွားမီမှာ ဗော့ဒကာအရက်နဲ့ ဧည့်ခံခဲ့သေးတယ်လို့ ဆိုပါတယ်။

၁၈နှစ်အရွယ်ကောင်မလေးကတော့ နံနက်စောစော သူမ နိုးလာတဲ့အခါမှာ အဗ္ဗဒူလာအဇစ်ကို သူမကိုယ်ပေါ်မှာ ထပ်လျှက်သား ကိစ္စတန်းလန်းနဲ့ တွေ့ရတယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဌေးကြီးကတော့ သူမကို အိပ်ယာဝင် တီရှပ်ဝတ်စေချင်ရုံ၊ အိပ်အပြန် တက္ကဆီခ ပေးချင်ရုံသက်သက်ပဲ သဘောထားရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ကောင်မလေးကိုယ်၌က သူ့ကို ကိုယ်ပေါ် အတင်းဆွဲတင်၊ သူ့လက်တွေကိုလည်း ခြေထောက်ကြားထဲ အတင်းဆွဲထည့်နေတာကြောင့် သူလဲကျသွားခဲ့ရတယ်လို့ လျှောက်လဲခဲ့ကြောင်း MailOnline မှာ ဖော်ပြထားခဲ့ပါတယ်။

‘ကျနောက ပျော့တယ်။ လဲကျသွားခဲ့ပေမယ့်လည်း ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီမိန်းခလေးနဲ့ ကျနော်ကြားမှာ ဘာဆိုဘာမှ မဖြစ်ခဲ့ပါဘူး’ဟု ရုံးတော်ကို လျှောက်လဲရာတွင် သူမတွင်တွေ့ရသည့် သူ့မျိုးဗီဇမှာမူ သူလဲကျသွားခဲ့၍သာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့လက်တွင် ပေကျံနေသည့် မျိုးဥများမှာလည်း ဆယ်ကျော်သက်ကောင်မလေး၏ သူငယ်ချင်းဖြစ်သူနှင့် ပျော်ပါးစဉ်က သူ့လက်ကို စွန်းထင်းသွားခြင်းဖြစ်နိုင်တယ်လို့လည်း သူဌေးကြီးက ပြောတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly