တရုတ်ခွေးသား စာပွဲတော်ကို ကန့်ကွက်ရှုတ်ချမှုများကြားက စတင်ကျင်းပ

တရုတ်ခွေးသား စာပွဲတော်ကို ကန့်ကွက်ရှုတ်ချမှုများကြားက စတင်ကျင်းပ

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ခွေးသားစားပွဲတော်ကို တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ရှုတ်ချကန့်ကွက်နေသည့်ကြားက စတင်ကျင်းပပြုလုပ်နေပြီဖြစ်သည်။

ကွမ်ရှီးပြည်နယ် ယုလင်မြို့တွင်း တနင်္ဂနွေနေ့နှင့် တနင်္လလာနေ့နှစ်ရက်တာတွင် ဒီဇင်ဘာ ၂၂ ရက်တွင်ကျရောက်သည့် နွေယဉ် စွန်းချိန်(အီကွေတာမှ နေအဝေးဆုံးရောက်ချိန်)ကို အထိမ်းအမှတ်ပြုလုပ်ကျင်းပသည့် လိုင်ချီးနှင့် ခွေးသားစားပွဲတော် တွင် ခွေးကောင်ရေပေါင်း ၁၀၀၀၀ ဝန်းကျင်ကို သတ်ဖြတ်စားသောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

ထိုကာလအတွင်း ခွေးများကို အသက်ကယ်နိုင်ရေးအတွက် ခွေးကောင်ရေ ဒါဇင်များစွာကို နိုင်သလောက်ဝယ်ယူခဲ့သည့် အငြိမ်းစားကျောင်းဆရာမသတင်းကလည်း အထူးသတင်းဖြစ်သွားခဲ့သည်။

ယုလင်မြို့ရှိ မြို့နေများနှင့် ဈေးသည်များက ခွေးများကို ညင်ညင်သာသာနည်းလမ်းဖြင့် သတ်ဖြတ်မှာဖြစ်ကြောင်း ပြောသည်။

တိရစ္ဆာန်အရေးတက်ကြွလှုပ်ရှားသူများက ယခုလိုခွေးများကို သတ်ဖြတ်စားသောက်ခြင်းသည် ရက်စက်ကြမ်းတမ်းသည့် လုပ်ရပ်ဖြစ်ကြောင်းပြောသည်။ အွန်လိုင်းတွင်လည်း ယင်းပွဲတော်ကို ဆန့်ကျင်လှုံ့ဆော်မှုများပြုလုပ်ပြီး လူပေါင်း ၃ ဒသမ ၈ သန်းကျော်ပါဝင်ခဲ့ရာ အဆိုပါအွန်လိုင်းလှုံ့ဆော်မှုက ပြည်တွင်းနှင့် နိုင်ငံခြားမှ ထင်ရှားကျော်ကြားသူများပါ သိရှိစေပြီး ဆွဲဆောင်နိုင်ခဲ့သည်။

ဗြိတိန်ဟာသမင်းသား ရစ်ကီဂါဗာ့စ် အပါအဝင် ထင်ရှားကျော်ကြားသူများက တွစ်တာတွင် ပွဲတော်ရပ်တန့်ဟုသော #StopYuLin2015 စာသားကို ရေးသားဖော်ပြခဲ့သည်။ တရုတ်ပေါ့ပ်အဆိုတော် ချန်ကူနှင့်မင်းသား ယန်မီတို့ကလည်း Weibo ဘလော့ဂ်ဆိုက်ပေါ်တွင် ပွဲတော်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

အဆိုပါရိုးရာခွေးသားစားပွဲတော်သည် တရုတ်၊ တောင်ကိုရီးယားနှင့် တစ်ခြားသောနိုင်ငံများတွင် လွန်ခဲ့သောနှစ်ပေါင်း လေးငါး ရာခန့်က နွေအပူကို ကာကွယ်နိုင်သည်ဟု ယူမှတ်ကြကာ ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ယင်းပွဲတော်သည် ပြီးခဲ့သည့်နှစ်များအတွင်း ပြန်လည်အစပျိုးလာခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

”မြို့နေတစ်ချို့က ဒီကာလအတွင်းမှာ လိုင်ချီးနဲ့ ခွေးသားကို အတူစုပေါင်း စားသောက်တဲ့အကျင့် လုပ်လာကြတာဖြစ်ပါတယ်။ ခု လိုင်ချီးနဲ့ ခွေးသားစားပွဲတော်ကျင်းပနေတယ်ဆိုတာက ယေဘုယျဆန်ဆန်ပဲဖြစ်ပြီး ဒီမြို့မှာ ခွေးသားစားပွဲတော်ဆိုပြီး တရားဝင် ကျင်းပနေခြင်းတော့ မဟုတ်ပါဘူး။”ဟု မြို့သတင်းပြန်ကြားရေးအရာရှိက Weibo တွင်ရေးသားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း တစ်ချို့တိရစ္ဆာန်ချစ်သူများက ခွေးများအသက်ကို ကယ်တင်နိုင်ရန် ခွေးများကို နိုင်သလောက် ဝယ်ယူကယ်တင်ခဲ့ကြသည်။ အငြိမ်းစားကျောင်းဆရာမဖြစ်သူ ဆိုသူလည်း ခွေးကောင်ရေ ၁၀၀ ကို ယွမ် ၇၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၀၀) ခန့် ပေးဝယ်ကာ အသက်ကယ်တင်ခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly