T-ara အဖွဲ့ဝင် ဂျိုဆောင်ဝမ်ကို ချစ်သူဖြစ်သူ မင်းသား လီဒေါင်ဂွမ်နှင့်အတူ စားသောက် ဆိုင်တွင် တွေ့ရှိ

T-ara အဖွဲ့ဝင် ဂျိုဆောင်ဝမ်ကို ချစ်သူဖြစ်သူ မင်းသား လီဒေါင်ဂွမ်နှင့်အတူ စားသောက် ဆိုင်တွင် တွေ့ရှိ

ကေပေါ့ပ် အမျိုးသမီးအဆိုတော်အဖွဲ့ T-ara အဖွဲ့ဝင် ဂျိုဆောင်ဝမ်ကို ဂမ်းနမ်ဒေသ စားသောက်ဆိုင်တစ်ဆိုင်တွင် ချစ်သူဖြစ်သူ အသက် ၃၄ နှစ်အရွယ်ရှိ မင်းသားလီဒေါင်ဂွမ်နှင့်အတူ တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်ထုတ် ပြည်တွင်း သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။

ဂျိုဆောင်ဝမ်နှင့် လီဒေါင်ဂွမ်တို့နှစ်ဦးသည် မေလက ကိုရီးယား-တရုတ် အချစ်ဇာတ်ကား “Xie Hou ( Encounter)” တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည်  ယင်းဇာတ်ကားတွင် ချစ်သူစုံတွဲအဖြစ် သရုပ်ဆောင်ထားသည်။

လီသည် ဂျိုဆောင်ဝမ်ထက် အသက် ၁၃ နှစ်ကြီးပြီး “Sweet 18” (၂၀၀၄ ခုနှစ်)၊ “Lovers in Paris” (၂၀၀၄)နှင့် “Super Daddy Yeol” ( ၂၀၁၅ ခုနှစ်) ကဲ့သို့သော ရုပ်မြင်သံကြား ဒရမ်မာဇာတ် ကားများကြောင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။

လီသည် ၁၉၉၇ ခုနှစ်က အဆိုတော်အဖြစ် အနုပညာလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ဂျိုဆောင်ဝမ်သည် ၂၀၀၉ ခုနှစ်က ကေပေါ့ပ်အမျိုးသမီး အဆိုတော်အဖွဲ့ T-ara အဖွဲ့နှင့်အတူ ပွဲဦး ထွက် အနုပညာလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags