1989 ကမ္ဘာလှည့်ဖျော်ဖြေရေး အစီစဉ်ကို Apple Music မှ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည့် တေလာဆွဇ်

1989 ကမ္ဘာလှည့်ဖျော်ဖြေရေး အစီစဉ်ကို Apple Music မှ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည့် တေလာဆွဇ်

ပေါ့အဆိုတော် တေလာဆွဇ်သည် ၎င်း၏ 1989 ကမ္ဘာလှည့် ဖျော်ဖြေရေးအစီစဉ်ကို Apple Music မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။ 1989 ကမ္ဘာလှည့်ဖျော်ဖြေရေး တိုက်ရိုက် ထုတ်လွှင့်မှုအစီစဉ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်ပြီး အစီစဉ်ကို ရောင်းချသွားမည် မဟုတ်သော်လည်း Apple Music ကို လစဉ်မှာယူ ကြည့်ရှုသူများ အခမဲ ကြည့်ရှုနားဆင်နိုင် မည်ဖြစ်သည်။

Apple ကုမ္ပဏီသည် သုံးလတာ စမ်းသပ်ထုတ်လုပ်မှု ကာလအတွင်း အနုပညာရှင်များကို အနုပညာကြေး ပေးဆောင်ခြင်း မရှိသည့်အတွက် တေလာသည် Apple Music ကို ယခင်က ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးသည်။

Apple ၏ ရပ်တည်ချက်ကြောင့်  တေလာသည် ၎င်း၏ 1989 တေးသီချင်း အယ်လ်ဘမ်ကို   အွန်လိုင်းတွင် တင်ခဲ့ခြင်း မရှိကြောင်းနှင့် ယင်းနောက် Apple ကုမ္ပဏီက ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲ ခဲ့သည်။ ယင်းနောက်ပိုင်းမှစ၍ Apple Music သည် 1989 တေးသီချင်း အယ်လ်ဘမ် နားဆင်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်လာသည်။

ဖျော်ဖြေရေးအစီစဉ်တွင် နိုဝင်ဘာ ၂၈ ရက်၌ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကျင်းပပြု လုပ်မည့် တေလာ၏ ရှိုးပွဲအစီစဉ်ကိုလည်း ထုတ်လွှင့်သွားမည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင်  ဂျက်စတင် တင်းဘားလိတ်ခ်၊ မစ်ခ်ဂျက်ဂါနှင့် ကိုဘီဘရာယက် အပါအဝင် အခြားတေးဂီတ ပညာရှင်များနှင့် အနုပညာရှင်များလည်း ပါဝင် ဖျော်ဖြေမည် ဖြစ်သည်။

1989 တေးသီချင်း အယ်လ်ဘမ်သည် အချပ်ရေငါးသန်းကျော် ရောင်းချခဲ့ရပြီး  တစ်နှစ်တာ အကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်ဆုအပါအဝင် ဂရမ်မီဆု ခုနစ်ဆုအတွက် ရွေးချယ်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly