ပါရီတိုက်ခိုက်မှု သံသယရှိသူ တစ်ဦးအား ဖမ်းမိပြန်

ပါရီတိုက်ခိုက်မှု သံသယရှိသူ တစ်ဦးအား ဖမ်းမိပြန်

ပါရီ၊ ဒီဇင်ဘာ ၁၅ ။            ။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူဟု သံသယရှိသူတစ်ဦးအား စုံစမ်းစစ်ဆေးမှုများအရ ပြင်သစ်ရဲများက ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ပါရီတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် စီးနင်းမှုပေါင်း ၂၇၀၀ နီးပါး ပြုလုပ်ခဲ့ရာတွင် လူပေါင်း ၃၆၀ ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

နိုင်ငံမြောက်ပိုင်းတွင်လည်း ဇန်နဝါရီလအတွင်းက ဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် သေနတ်ကိုင်တစ်ဦးက လက်နက်များ ပေးခဲ့သည်ဟု သံသယရှိသူ နှစ်ကိုလည်း ဖမ်းခဲ့ရကြောင်း သတင်းများတွင်    ဖော်ပြသည်။

၎င်းဖမ်းဆီးထားသူများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly