ခြစားမှုကို ဆန္ဒပြသည့်အနေဖြင့် ဖိလစ်ပိုင် တက္ကသိုလ်ကျောင်းသားများ ကျောင်းအတွင်း ကိုယ်လုံးတီးပတ်ပြေး

ခြစားမှုကို ဆန္ဒပြသည့်အနေဖြင့် ဖိလစ်ပိုင် တက္ကသိုလ်ကျောင်းသားများ ကျောင်းအတွင်း ကိုယ်လုံးတီးပတ်ပြေး

မနီလာ၊ ဒီဇင်ဘာ-၁၅ ။             ။ ကျောင်းသား ၉၀ခန့်ဟာ အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ တက္ကသိုလ်ကျောင်းဝင်းကို ကိုယ်လုံးတီး ပတ်ပြေးခဲ့ကြပါတယ်။ အစိုးရရဲ့ ခြစားမှုတိုက်ဖျက်ရေး   ပေါ်လစီတွေမှာ ပွင့်လင်းမြင်သာရှိဖို့ တောင်းဆိုတဲ့ နှစ်ပတ်လည်ပြေးပွဲမှာ ကျောင်းသားတွေ ပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင် Alpha Phi Omega ကျောင်းသားအသင်းက စည်းရုံးကျင်းပတဲ့ ဒီဆန္ဒပြပွမှာ လက်ရှိတက်နေတဲ့ ကျောင်းသားတွေလည်း ပါဝင်သလို ပြေးပွဲအတွက် ကောလိပ်ကို  ပြန်လာကြတဲ့   ကျောင်းသားဟောင်းတွေလည်း ပါဝင်နေပါတယ်။

အချို့က သူတို့ ဘယ်သူဘယ်ဝါဆိုတာ ဖုံးကွယ်ဖို့ မျက်နှာဖုံးတွေတပ်ထားကြပေမယ့်လည်း အခြားသူတွေကတော့ အရှက်နည်းနည်းနဲ့ ကျောင်းဝင်း မင်းလမ်းတစ်လျှောက်ကို ကိုယ်လုံးတီး   ဖြတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ။

ပွဲစီစဉ်သူ ဖိလစ်ပိုင် မနီလာတက္ကသိုလ် Alpha Phi Omega ကျောင်းသားအသင်းမှ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ အဒ် လူစရိုက သူတို့ရဲ့ ရည်ရွယ်ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။

ကျနော်တို့ရဲ့ အနှစ်သာရက လမ်းကို ဝတ်လစ်စလစ် ခွာချွတ်တာပါ။ အစိုးရဟာ သူတို့ရဲ့ အလုပ်တွေမှာ ပွင့်လင်းမြင်သာဖြစ်ဖို့ဆိုရင် ကိုယ်လုံးတီးဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာပါလို့ ၎င်းက ပြောကြားပါတယ်။

လက်တစ်ဆုပ်စာ လူတစ်စုသာ အကျိုးခံစားနိုင်မယ့် လမ်းအတုတစ်ခုမဟုတ်တော့ အစိုးရကို ကိုယ်လုံးတီးဖြစ်သွားအောင် ကျနော်တို့ အပြင်းအထန် ကြိုးစားသင့်တယ်လို့ ဆိုလိုတာပါလို့လည်း အဒ် လူစရိုက ပြောပါတယ်။

ကိုယ်လုံးတီးအမျိုးသားတွေက ရပ်ကြည့်နေသူတွေကို နှင်းဆီပန်းတွေပေးသလို၊ သူတို့ရဲ့ အရေးတော်ပုံကို ထောက်ခံဖို့ တောင်းဆိုတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။

ရပ်ကြည့်သူ ဂျင် ပေါ်လင်း ခရုဇ်ကတော့ သူတို့ လုပ်ပုံက ထူးဆန်းပြီး အလွန်အကျွံဖြစ်နေတယ်လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly