မက်ဆာချူးဆက် တိရစ္ဆာန်ရုံတစ်ရုံက တိရစ္ဆာန်များ ရေးဆွဲထားသည့် ပန်းချီကားများကို လေလံတင်ရောင်းချ

မက်ဆာချူးဆက် တိရစ္ဆာန်ရုံတစ်ရုံက တိရစ္ဆာန်များ ရေးဆွဲထားသည့် ပန်းချီကားများကို လေလံတင်ရောင်းချ

နယူးဘတ်ဖို့၊ ဒီဇင်ဘာ-၁၅ ။           ။ မက်ဆာချူးဆက် တိရစ္ဆာန်ရုံတစ်ရုံဟာ တိရစ္ဆာန်တွေရဲ့ ဖန်တီးမှုစွမ်းရည်ကို လှုံ့ဆော်ဖန်တီးပေးနေရာမှာ တိရစ္ဆာန်တွေဖန်တီးတဲ့ အနုပညာလက်ရာတွေကို   လေလံတင်လာခဲ့ပါတယ်။

နယူး ဘတ်ဖို့မက်စ်က ဘတ်တန်ဝုပါ့ တိရစ္ဆာန်ရုံဟာ တိရစ္ဆာန်အမျိုးမျိုးက ရေးဆွဲထားတဲ့ အနုပညာပေါင်း အမြောက်အများကို လေလံတင်ရောင်းချခဲ့ပါတယ်။ ဒီ အရိုင်းအနုပညာ (Art Gone Wild) အမည်ပေးထားတဲ့ ဒီလေလံပွဲက ရလာတဲ့ အကျိုးအမြတ်တွေကို တိရစ္ဆာန်ရုံရဲ့ ပညာပေးအစီအစဉ်တွေမှာ အသုံပြုမှာ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်မှာ လွှင့်တင်လာတဲ့ ဗွီဒီယိုထဲမှာတော့ တိရစ္ဆာန်ရုံရဲ့ ပင်လယ်ဖျံတစ်ကောင်က ရေးဆွဲထားတဲ့ ပန်းချီကားနဲ့ ဒီလက်ရာကို ဖန်တီးခဲ့တဲ့ လုပ်ငန်းစဉ်ကို ပြသထားပါတယ်။

ဒီပရိုဂရမ်ရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုက တိရစ္ဆာန်တွေနဲ့ တိရစ္ဆာန်ရုံထိန်းသိမ်းသူတွေကြားမှာ ခိုင်မာတဲ့ သံယောဇဉ်ကြိုး ရှိနေတယ်ဆိုတာပါပဲ။ ဆုပေးစနစ်ကို အခြေခံထားတဲ့ လုပ်ငန်းစဉ် အတွင်းမှာ မြင့်မားတဲ့ လေ့ကျင့်မှုစွမ်းရည်က ထိန်းသိမ်းသူတွေကို တိရိစ္ဆာန်မျိုးစိတ်အစုံနဲ့ အတူတကွ ပန်းချီဆွဲနိုင်စေပါတယ်လို့ ဖေ့စ်ဘုတ်ပို့စ်မှာ ရေးသားထားပါတယ်။

ဒီလေလံပွဲမှာ တိရစ္ဆာန်တွေက စုတ်တံ (ဒါမှမဟုတ်) သူတို့ရဲ့ ခြေချောင်းလက်ချောင်းတွေနဲ့ ရေးဆွဲထားတဲ့ အနုပညာလက်ရာပေါင်း ၅၀ခန့်ကို ပြသထားတယ်လို့ ဆိုပါတယ်။ လေလံပွဲကို ဒီဇင်ဘာ ၁၅ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေဖန်တီးတဲ့ အနုပညာလက်ရာတွေကို မြင်ဖူးတယ်ဆိုရင်တော့ ဒီလက်ရာတွေကို တိရစ္ဆာန်တွေ ဘယ်လိုဖန်တီးသလဲဆိုတာကိုလည်း သိချင်ကြမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly