အာဖဂန်တွင် ဝီဂါဟုသံသယရှိသူများအား တရုတ်သို့ အတင်းအကျပ် ပြန်ပို့နေ

By Alarabiya Post
03 September 2021
အာဖဂန်တွင် ဝီဂါဟုသံသယရှိသူများအား တရုတ်သို့ အတင်းအကျပ် ပြန်ပို့နေ

စစ်ဘေးသင့်နေသောအာဖဂန်နစ္စတန်ကို တာလီဘန်များက သိမ်းပိုက်ပြီးနောက် နိုင်ငံတွင်းရှိနေသော လူနည်းစုတိုင်းရင်းသားများအတွက် အသက်အန္တရာယ် ရှိနေသည်။

အာဖဂန်နစ္စတန်တွင်ရှိသော ဝီဂါလူမျိုးများသည် အာဖဂန်နစ္စတန်တွင် ဒုက္ခသည်များအဖြစ် နေထိုင်ရသောကြောင့် တရုတ်သို့ အတင်းပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။

သြဂုတ်လအစောပိုင်းတွင် အမေရိကန်တပ်များ တပ်ဆုတ်သွားပြီးနောက် တာလီဘန်အကြမ်းဖက်သမား များသည် အာဖဂန်နစ္စတန်အား ထိန်းချုပ်ခဲ့ပြီးကတည်းက ထောင်နှင့်ချီသော အရပ်သားများနှင့် နိုင်ငံခြားသား များ အစုလိုက်အပြုံလိုက်နိုင်ငံအတွင်းမှ ထွက်ခွာခဲ့ကြပြီး လူ့အခွင့်အရေးအုပ်စုများက အာဖဂန်ရှိ ဝီဂါလူမျိုး ၂၀ဝ၀ ခန့်၏ အခြေအနေသည် ပိုဆိုးလာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု လွတ်လပ်သော အာရှရေဒီယို (RFA) က ဖော်ပြခဲ့သည်။

တရုတ်ပြည်မှ ရွှေ့ပြောင်းအခြေချသူများဖြစ်ခြင်းကြောင့် တာလီဘန်တို့၏ ဖိနှိပ်မှုများ၊ အမျိုးသမီးများအပေါ် အနိုင်ကျင့်မှုများနှင့် တရုတ်ပြည်သို့ ပြန်ပို့မည်ကို စိုးကြောက်မိကြောင်း ကဘူးလ်မြို့တွင် ၁၀ နှစ်ကျော် အာဖဂန် ခင်ပွန်းဖြစ်သူနှင့် နေထိုင်နေသူ ဝီဂါ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

“တရုတ်ပြည်ကဖြစ်လို့ ကျွန်မကို လာရှာမှာကို ကြောက်နေမိပါတယ်” ဟု အမျိုးသမီးက ဆက်လက် ပြောဆိုသည်။

"ကဘူးလ်မြို့က ဝီဂါမိသားစု ၈၀ ခန့်က တာလီဘန်တွေ လက်အောက်မှာ ဘဝရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုတွေကို ခံစားနေရပါတယ်” ဟု တရုတ်ပြည်ရှိ ဘိုးဘေးများမှ ဆင်းသက်လာသည့် ဝီဂါအမျိုးသား မာမတ်ကလည်း စိုးရိမ်မှုများကို ထုတ်ဖော် ပြောဆိုခဲ့သည်။

“ ကာဇက်စတန်က အာဖဂန်နစ္စတန်ကနေ ကာဇက်စတန်တွေကို ကယ်ထုတ်နေပါတယ်၊ ဥဇဘက် ကစ္စတန် ကလဲ အလားတူပါပဲ။ တူရကီနဲ့အခြားနိုင်ငံတွေအားလုံးက သူတို့နိုင်ငံသားတွေကို ကယ်ထုတ် နေပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အခြေအနေကို ဘယ်သူမှ မေးတောင် မမေးပါဘူး။ ဝီဂါတွေကို ဘယ်သူမှ မကူညီပါဘူး” ဟု သူက ဆက်လက် ပြောကြားသည်။

တာလီဘန်အကြမ်းဖက်သမားများသည် ယခုအခါ ဝီဂါအသိုင်းအဝိုင်းမှ လူများ၏ အိမ်များသို့ သွားရောက်ပြီး မိန်းကလေးငယ်များကိုပြန်ပေးဆွဲနေသည့် သတင်းများလည်း ရရှိထားသည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly