မသန်စွမ်းကလေးငယ်များကို သတ်ဖြတ်ရန် အိုင်အက်စ်အမိန့်ထုတ်

မသန်စွမ်းကလေးငယ်များကို သတ်ဖြတ်ရန် အိုင်အက်စ်အမိန့်ထုတ်

မိုဆူးလ်၊ ဒီဇင်ဘာ ၁၅ ။          ။ အိုင်အက်စ်အစွန်းရောက်အုပ်စုသည် ဒေါင်းရောဂါလက္ခဏာစု (Down syndrome) ရှိနေသော ကလေးများကို သတ်ပစ်ရမည့် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်ကြောင်း Mosul Eye ကအစီရင်ခံခဲ့သည်။

ဒေါင်းရောဂါနှင့် မွေးလာသည့်ကလေးများ၊ မွေးရာပါပုံပျက်မွေးဖွားလာသည့်ကလေးများနှင့် မသန်စွမ်းကလေးငယ်များကို သတ်ဖြတ်ပစ်ရမည့် အမိန့်တစ်ခုကို အိုင်အက်စ်၏ ရှာရီးယားဘုတ်အဖွဲ့က အမိန့်တစ်ခုထုတ်ပြန်လိုက်သည်ဟု အီရတ်စောင့်ကြည့်ရေးဘလော့ဂ်က ဖော်ပြခဲ့သည်။

မသန်မစွမ်းရောဂါများဖြင့် မွေးဖွားခဲ့သော ကလေး ၃၈ ဦးကို သေဆေးထိုးခြင်း၊ အသက်ရှူကြပ်အောင်လုပ်ကာ သတ်ဖြတ်ခဲ့သည်ဟု အိုင်အက်စ်အုပ်စုက အတည်ပြုခဲ့သည်။ သတ်ဖြတ်ခံရသော ကလေးများမှာ တစ်ပတ်သားမှ သုံးလသားအထိပါဝင်ပြီး ဆီးရီးယားနှင့် မိုဆူးလ်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေါင်းရောဂါနှင့် မွေးလာသောကလေးများမှာ အီရတ်၊ ဆီးရီးယားနှင့် အာရှအမျိုးသမီးများနှင့် လက်ထပ်ခဲ့သော နိုင်ငံခြားသားတိုက်ခိုက်ရေးသမားများထံမှ လာခြင်းဖြစ်သည်ဟု အိုင်အက်စ်က   ပြောသည်။ ယင်းသို့သတ်ဖြတ်မိန့်ကို သွေးဆာသော အကြမ်းဖက်အုပ်စု၏ ဆော်ဒီတရားသူကြီး အဘူဆာအိဒ် အယ်လ်ဂျတ်ဇရာဝီက ထုတ်ပြန်ခဲ့သည်ဟု သတင်းများက ဆိုသည်။

"အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်ရတာတောင် အားမရသေးလို့ အခုကလေးတွေကိုတောင် သတ်နေပါပြီ"ဟု Mpsul Eye ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly