အသက် ၈၈ နှစ်ရှိပြီဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောလ်အဒူလျာဒက် လူထုကြားပြန်ပေါ်လာ

အသက် ၈၈ နှစ်ရှိပြီဖြစ်သည့် ထိုင်းဘုရင် ဘူမိဘောလ်အဒူလျာဒက် လူထုကြားပြန်ပေါ်လာ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၅ ။              ။ ယခုလအစောပိုင်းက ကျရောက်ခဲ့သော ၎င်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပမှုများ နိုင်ငံတစ်ဝန်းကျင်းပမှုများ ပြုလုပ်ခဲ့သော်လည်း လူထုကြားပေါ် မလာခဲ့သော်လည်း ဒီဇင်ဘာ ၁၄ ရက်နေ့ကမူ ကြည်ညိုလေးစားခံရသော ထိုင်းဘုရင်ဘူမိဘောလ်အဒူလျာဒက်သည် ရှားရှားပါးပါးလူထုကြား ပြန်ပေါ်လာခဲ့သည်။

ဒီဇင်ဘာ ၅က ၈၈နှစ်ပြည့်ပြီဖြစ်သော ဘုရင်ကြီးသည် ၎င်းကုသမှုခံယူနေသော ဘန်ကောက်ရှိ ဆေးရုံတစ်ခု၏ လက်ခံကြိုဆိုရေးအခန်းတစ်ခုတွင် တရားသူကြီးဒါဇင်များစွာကြား ကျမ်းသစ္စာပြုကျိမ် ဆိုနေသော ဘုရင်ကြီး၏ပုံကို ပြည်တွင်းရုပ်သံက ထုတ်လွှင့်ခဲ့သည်။ ဘုရင်ကြီးကို စက်တင်ဘာ ၁က နောက်ဆုံးအကြိမ်လူထုကြားတွေ့လိုက်ကြရသည်။ အများအားဖြင့် ၎င်း၏ မွေးနေ့တွင် ပါဝင်ကာ လူထုကြားပေါ်လာလေ့ရှိသော်လည်း ၎င်းသို့မပေါ်လာနိုင်သည်မှာ နှစ်နှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ဘုရင်ကြီးမှာ သီရိရတ်ဆေးရုံကြီးတွင် ကုသမှုခံယူနေသည်မှာ လအနည်းငယ်ကြာမြင့်နေပြီဖြစ်သည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံးဘုရင်ကြီး၏ ကျန်းမာရေးအခြေအနေကို လူထုက များစွာစိတ်ဝင်စားနေသည်။ သို့သော်လည်း ပွင့်လင်းစွာဆွေးနွေးခွင့်မရှိပေ။ အကြောင်းမှာ တော်ဝင်အား အကြည်ညို ပျက်စေမှုအတွက် အတင်းကျပ်ဆုံးဥပဒေဖြင့် တားဆီးထားသောကြောင့်ဖြစ်သည်။

၂၀၁၄ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးကတည်းက တော်ဝင်အားအကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုမှုများမှာ သိသိသာသာမြင့်မားလာခဲ့သည်။ နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ အပိုဒ်ခွဲ ၁၁၂အရ တော်ဝင်အသိုင်းအဝိုင်းအား စော်ကားပါက ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly