တရုတ်၏ ချင်ဟိုင်-တိဘက်ကုန်းပြင်မြင့်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရန် နိုင်ငံရေးအကြံပေးများ ဆွေးနွေး

By Tibetol
01 September 2021
တရုတ်၏ ချင်ဟိုင်-တိဘက်ကုန်းပြင်မြင့်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရန် နိုင်ငံရေးအကြံပေးများ ဆွေးနွေး

တရုတ်နိုင်ငံ၊ ချင်ဟိုင်-တိဘက်ကုန်းပြင်မြင့်တွင် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်မှု ခိုင်မာအားကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေရေးအတွက် တရုတ်အမျိုးသားနိုင်ငံရေးအကြံပေးများသည် သြဂုတ် ၂၄ရက်တွင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။

တရုတ်ထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့ဖြစ်သည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသား ကော်မတီ(CPPCC)မှ ကျင်းပသော အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးဗျုရို အမြဲတမ်းကော်မတီဝင်နှင့် CPPCC ၏ ဥက္ကဌဖြစ်သူ ဝမ်ယန်ကဦးဆောင်ခဲ့သည်။

တရုတ်နိုင်ငံတော် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးအတွက် ရေရှည်အထောက်အပံ့များပေးနေစဉ် ကုန်းပြင်မြင့်ကို ထိရောက်စွာကာကွယ်စောင့်ရှောက်ရန်အတွက် ချင်ဟိုင်-တိဘက်ကုန်းပြင်မြင့်တွင် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို စုစည်းရန်၊ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုနှင့် ကုန်းပြင်မြင့်ပေါ်ရှိ လူသားတို့၏လုပ်ဆောင်ချက်များအားသိပ္ပံနည်းကျနည်းလမ်းများဖြင့်သုံးသပ်ကာ ရာသီဥတု ပြောင်းလဲမှုကို ခံနိုင်ရည်ရှိစေရန် နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ရန် ဝမ်က တိုက်တွန်းခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေရန်၊ ကုန်းပြင်မြင့်တွင် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆက်စပ်အဆိုပြုလွှာများအားကိုင်တွယ်ရန် တိုင်ပင်ဆွေးနွေးမှုများနှင့် ကြီးကြပ်မှုနည်းလမ်းများကို ကောင်းမွန်စွာ အသုံးချရန် နိုင်ငံရေးအကြံပေးများအား သူက တောင်းဆိုခဲ့သည်။

လွန်ခဲ့သောနှစ်များအတွင်း ကုန်းပြင်မြင့်၏ ဂေဟစနစ်တစ်ခုလုံးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ တိုးတက်ကောင်းမွန်လာသည်ကို သတိပြုမိသော်လည်း ကုန်းပြင်မြင့်၏ သဘာဝဂေဟစနစ်သည် မူလအားဖြင့် ပျက်စီးလွယ်သည်ဟု အစည်းအဝေးတက်ရောက်သူများက ဆိုကြသည်။

ချင်ဟိုင်-တိဘက်ကုန်းပြင်မြင့်တွင် လေထု၊ ရေခဲမြစ်များ၊ နှင်းဖုံးလွှမ်းမှု၊ အေးခဲနေသောကုန်းမြေ၊ ရေကန်များ၊ သစ်တောများနှင့်မြက်ခင်းများအတွက်ပြည့်စုံသောလေ့လာရေးကွန်ရက်ကိုတည်ဆောက်ရန်နှင့်တိုးတက်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း အဆိုပြုချက်တွင် ဖော်ပြထားသည်။

ကုန်းပြင်မြင့်တွင်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအန္တရာယ်များအတွက် ကြိုတင်သတိပေးစနစ်တစ်ခု ထူထောင် ရန်လည်း ၎င်းတို့ကတောင်းဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် တက်ရောက်လာသူများက ကုန်းပြင်မြင့်၏ ရာသီဥတုသယံဇာတများအား သိပ္ပံနည်းကျ ဖွံ့ဖြိုး တိုးတက်ရန်နှင့် ကောင်းမွန်စွာအသုံးချရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သလို သစ်တောများ၊ မြက်ခင်းများနှင့် အခြားအပင်များကို သိပ္ပံနည်းကျပြန်လည်ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် သက်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းရန် သက်ဆိုင်ရာဌာနများ အကြားကောင်းမွန်သော ပူးပေါင်းလုပ်ဆောင်မှု ယန္တရားတစ်ခုတည်ထောင်ရန် လိုအပ်ကြောင်းထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly