တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းက တောင်အာရှတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုဖြစ်စေနိုင်ကြောင်း အစီရင်ခံစာ ဖော်ပြ

တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းက တောင်အာရှတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုဖြစ်စေနိုင်ကြောင်း အစီရင်ခံစာ ဖော်ပြ

တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်း(BRI)က တောင်အာရှနိုင်ငံများအား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများဖန်တီးပေးလိမ့်မည်ဟု ကတိပြုထားသော်လည်း စီးပွားရေး၊ ဥပဒေနှင့် အချုပ် အခြာအာဏာဆိုင်ရာကိစ္စရပ်များအပြင် သိသာထင်ရှားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များ ရှိနေသည်။

တောင်အာရှသည် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသည့် ဒေသများထဲမှ တစ်ခုဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်အစိုးရက ကြေညာခဲ့သော ပိုးလမ်းမသစ်စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဒဏ်ကို ပိုမိုဆိုးရွားစေလိမ့်မည်ဟု တောင်အာရှလေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS) က အစီရင်ခံသည်။

တောင်အာရှအပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများကို ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် တရုတ်က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် နိုင်ငံရေးအခန်းကဏ္ဍကို ပိုမိုစုစည်းချဲ့ထွင်ရန်အပြင် ကမ္ဘာ့စီးပွားရေးအပြန်အလှန်ဆက်သွယ်မှုများကိုပိုမိုချောမွေ့စေရန် ကြိုးပမ်းနေသည်။

Environmental Kuznets Curve (EKC) အစီရင်ခံစာက တောင်အာရှ၏ ပတ်ဝန်းကျင်အခြေအနေများသည် ယေဘုယျအားဖြင့် ဖွံ့ဖြိုးမှုလမ်းကြောင်းနှင့် လိုက်လျောညီထွေဖြစ်သော်လည်း တောင်အာရှ၏ အဓိက သဘာဝ ပတ်ဝန်းကျင် လက္ခဏာရပ်တစ်ခုဖြစ်သည့် တိုးတက်လာသော စက်မှုလုပ်ငန်းများမှ တစ်ဆင့် ညစ်ညမ်းမှုကိုဖြစ်စေသည်ဟု EFSAS က ဆိုသည်။

စွမ်းအင်နှင့် အရင်းအမြစ်များ အင်စတီကျု၏ ၂၀၁၉ ခုနှစ်အစီရင်ခံစာအရ စက်မှုလုပ်ငန်းများလျှင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ လေထု ညစ်ညမ်းမှုပိုမိုဆိုးရွားလာသည်ဟု ဆိုသည်။

လေထုညစ်ညမ်းမှုသည် မြို့ပြဒေသများတွင် ပိုမိုဆိုးရွားပြီး ဒေသတွင်း လူဦးရေ၏ ၉၁ ဒသမ၂ ရာခိုင်နှုန်းသည် လေထုညစ်ညမ်းမှုနှုန်း ၃၅ မီလီဂရမ်/m3 ရှိသည့်ဒေသများတွင် နေထိုင်ကြပြီး တောင်အာရှလေထုကို ကမ္ဘာ့အညစ်ညမ်းဆုံးလေထုဖြစ်စေသည်ဟု EFSAS က အစီရင်ခံသည်။

ထို့ပြင် BRIက စက်မှုဖွံ့ဖြိုးတိုးတက်မှုသည် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကို ပိုမိုအရှိန်မြှင့်လာစေ ကြောင်း ရှင်းလင်းသောဖွံ့ဖြိုးတိုးတက်မှု လက်တွေ့အနေအထားကို ဖော်ပြနေသည်။

တရုတ်အတွက် ဥပမာအားဖြင့် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကွန်ရက်များကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦများတည်ဆောက်ခြင်းသည် နိုင်ငံ၏ လျင်မြန်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော အခန်းကဏ္ဍဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly