ထိုင်းတွင် စီးပွားရေးလုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီအရေအတွက် မြင့်တက်လာ

ထိုင်းတွင် စီးပွားရေးလုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီအရေအတွက် မြင့်တက်လာ

ဘန်ကောက်၊ ဇွန်-၂၂ ။          ။ မှတ်ပုံတင်ထားသည့် ဂျပန်ကုမ္ပဏီ ၄၅၀၀ကျော်က ထိုင်းနိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း များရှိကြောင်း အတည်ပြုလာခဲ့သောကြောင့် လွန်ခဲ့သည့် ၆နှစ်ကထက် ကုမ္ပဏီပေါင်း ၇၀၀ပိုလာခဲ့သည်ဟု စစ်တမ်းအသစ် တစ်ခုအရ သိရှိရသည်။

ဂျပန် ပြည်ပကုန်သွယ်ရေးအဖွဲ့ကြီး (Japan External Trade Organisation-JETRO)၏ ပြောကြားချက်အရ ထိုင်းဘုရင့်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍမှာ ဂျပန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာခဲ့သောကြောင့် ယခုကဲ့သို့ အရေ အတွက် တိုးလာခြင်းဖြစ်သည်။

ဂျပန် အသေးစားနှင့် အလတ်စား ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်း၊ ထူထောင်အောင်မြင်ပြီးသား ဂျပန်ကုမ္ပဏီများ တိုးပြီးရင်းနှီးမြှုပ်နှံ လာရန် အထောက်အပံ့ကောင်းများ ရှိနေသောကြောင့် အရေအတွက် တိုးလာခြင်းဖြစ်သည်ဟု Jetro က ပြောကြားခဲ့သည်။

ယခုစစ်တမ်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေသော စီးပွားရေးလုပ်ငန်းအချက် အလက်ဘဏ် ဒေတာဘေ့စ်ကို မှတ်ပုံတင်လာသည့်  ဂျပန်ကုမ္ပဏီပေါင်း ၈,၈၉၀ကို ချဉ်းကပ်ပြုစုထားခြင်း ဖြစ်သည်။

စစ်တမ်းအရ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများရှိကြောင်း ဂျပန်ကုမ္ပဏီပေါင်း ၄,၅၆၇ခုက အတည်ပြုခဲ့သောကြောင့် ၂၀၀၉ ခုနှစ်က စစ်တမ်းပြုစုထားသည့် အရေအတွက် ၃,၈၈၄ထက် ၆၈၃ခု ပိုနေသည်။

ကုမ္ပဏီပေါင်း ၄,၅၆၇ခုအနက် ၄၇ရာခိုင်နှုန်းဖြစ်သည့် ၂,၁၄၇ခုမှာ ကုန်ထုတ်ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီး၊ ၄၉.၅ ရာခိုင်နှုန်းဖြစ်သည့် ၂,၂၆၁ခုက ဝန်ဆောင်မှုကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။ ၂၀၀၅ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော ဂျပန် အသေးစားနဲ့ အလတ်စားကုမ္ပဏီအရေအတွက်မှာ ၂၃၄ခုမှ ၃၆၂ခုအထိ တိုးလာခဲ့သဖြင့် စုစုပေါင်း ၆၉၁ခုအထိ ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly