သူပုန်များ လက်မှ လေတပ်စခန်းကို ဆီးရီးယားအစိုးရတပ်များ ပြန်သိမ်း

သူပုန်များ လက်မှ လေတပ်စခန်းကို ဆီးရီးယားအစိုးရတပ်များ ပြန်သိမ်း

ဒမတ်စကပ်၊ ဒီဇင်ဘာ ၁၅ ။           ။ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော် အပြင်ဖက်ရှိ စစ်လေတပ် အခြေစိုက်စခန်းအား အစိုးရတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။

မာဂျ်အယ်စူတန် လေတပ်စခန်းကို ဒီဇင်ဘာ ၁၄ ရက်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ပြီး အနီးရှိ ဒမတ်စကပ်မြို့တော်ကိုလည်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

သို့သော် မြို့မှာ ရန်သူလက်အောက်၌ပင် ကျရောက်နေဆဲဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသတင်းသို့ ပြောခဲ့သည်။ အဆိုပါ လေတပ်စခန်းကို သူပုန်တပ်များက ၂၀၁၂ နိုဝင်ဘာအတွင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သူပုန်အုပ်စုများ အမာခံနယ်မြေအတွင်း ယခုကဲ့သို့ လေတပ်စခန်းအား ပြန်လည်သိမ်းပိုက်လိုက်နိုင်ခြင်းက အစိုးရတပ်များအတွက် ရှားပါးအောင်ပွဲတစ်ရပ်ဖြစ်သည်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အဆိုပါ လေတပ်စခန်း ပြန်သိမ်းပိုက်ရေး စစ်ဆင်ရေးကို အစိုးရတပ်များက လွန်ခဲ့သည့် တစ်လခန့်ကတည်းက ဆင်နွှဲလာရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly