စစ်အုပ်ချုပ်ရေးကို ကိုင်လှုပ်နိုင်သည့် သတင်းမှတ်တမ်းပုံအား ဖေ့ဘုတ်တွင် ရှယ်သူကို ဒုတိယမြောက်အဖြစ် ထိုငး်နိုင်ငံတွင် ဖမ်းဆီး

စစ်အုပ်ချုပ်ရေးကို ကိုင်လှုပ်နိုင်သည့် သတင်းမှတ်တမ်းပုံအား ဖေ့ဘုတ်တွင် ရှယ်သူကို ဒုတိယမြောက်အဖြစ် ထိုငး်နိုင်ငံတွင် ဖမ်းဆီး

ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအသိုင်းအဝန်းအား ခြောက်ခြားစေနိုင်သည့် အများပြည်သူပိုင် ပန်းခြံတည်ဆောက်ရေးက လာဘ်စားမှုများကို ဖော်ပြသည့် သတင်းမှတ်တမ်းပုံ Infographic အား ဖေ့ဘုတ်တွင် ရှယ်ခြင်း(မိတ္တုဖြန့်ဝေခြင်း)အတွက် ဒုတိယမြောက်လူတစ်ဦးကို ဖမ်းဆီးခဲ့ရကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်အသိုင်းအဝန်းက ပြောသည်။

"အဲဒီသူကို ဆေးရုံတစ်ရုံကနေ ဖမ်းဆီးခဲ့တာပါ။ သူက လူမှုမီဒီယာ ဖေ့ဘုတ်ပေါ်မှာ သတင်းမှတ်တမ်းပုံအမှားကြီးကို တင်ခဲ့တာပါ။"ဟု စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူး ဝင်တိုင်းဆူဗာရီက အေအက်ဖ်ပီသို့ ပြောသည်။

လာဘ်စားမှုများ သပွတ်အူလှိုက်စားနေသည်ဟု စွပ်စွဲထားသည့် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ကိုင်မှုဖြင့် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံကာ စစ်တပ်က တည်ဆောက်နေသည့် ရာဂျတ်ဟာကတီပန်းခြံအကြောင်း ဖော်ပြထားသော သတင်းမှတ်တမ်းပုံကို ရှယ်ခဲ့သူမှာ အသက် ၂၅ နှစ်ရှိ သန်နက်အန်နန်ထာဝန်ဆိုသူဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

တော်ဝင်မိသားစုအား ကာကွယ်ပေးရန်နှင့် အရပ်သားနိုင်ငံရေးသမားကြား အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းကို တားမြစ်ပိတ်ပင်နိုင်ရန်အတွက် လိုအပ်သဖြင့် ပြီးခဲ့သည့်နှစ်က အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းစစ်ဗိုလ်ချုပ်များက ၎င်းတို့၏ အာဏာသိမ်းမှုကို တရားဥပဒေနှင့်အညီ ပြုလုပ်ခြင်းအဖြစ် ပြောဆိုတတ်ကြသည်။

ထိုင်းဘုရင်မင်းမြတ်အား ချီးမွှမ်းဆက်သခြင်းအဖြစ် ပင်လယ်ကမ်းခြေမြို့ ဟာနင်းတွင် ပြည်သူ့ပန်းခြံကို တည်ဆောက်ခြင်းဖြစ်ကြောင်း ပြောသော်လည်း တည်ဆောက်ရေးအပိုင်းတွင် စစ်အုပ်ချုပ်ရေးပိုင်းက ကတိခံထားသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်သွားမည်ဆိုခြင်းအပေါ် သင်္ကာရနံ့မကင်းသော အရှုပ်အရှင်းသတင်းများ အများအပြား ထွက်ပေါ်လျက်ရှိသည်။

"အခုဖမ်းခဲ့သူကိုတော့ ကွန်ပြူတာရာဇဝတ်မှုအက်ဥပဒေချိုးဖောက်မှု၊ ဂုဏ်သိက္ခာညိုးနွမ်းစေမှုနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ဖမ်းခဲ့တာဖြစ်ပါတယ်။"ဟု ဗိုလ်မှူး ဝင်တိုင်းဆူဗာရီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly