လူမှှုမီဒီယာမှ ခေတ္တ အနားယူတော့မည်ဟု အဆိုတော် Ed Sheeran ရေးသား

လူမှှုမီဒီယာမှ ခေတ္တ အနားယူတော့မည်ဟု အဆိုတော် Ed Sheeran ရေးသား

အဆိုတော် Ed Sheeran သည် လူမှှုမီဒီယာမှ ခေတ္တ အနားယူတော့မည် ဖြစ်ကြောင်း အင်စတာဂရမ် စာမျက်နှာတွင် ရေးသားခဲ့သည်။

ပြင်ပလောကကြီးအား တိုက်ရိုက် ရှှုမြင်ခြင်းမျိုး မဟုတ်ဘဲ ဖန်သားပြင်မှ တစ်ဆင့် ရှှုမြင်ရခြင်း ဖြစ်သောကြောင့် အွန်လိုင်း လူမှှုမီဒီယာမှ ခေတ္တ အနားယူမည်ဖြစ်ကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

သူ၏ တတိယမြောက် တေးအယ်လ်ဘမ်ကို စီစဉ်လျက်ရှိကြောင်းနှင့် ထိုတေးအယ်လ်ဘမ်မှာ သူဖန်တီးခဲ့သမျှ တေးအယ်လ်ဘမ်များအနက် အကောင်းဆုံး တေးအယ်လ်ဘမ် ဖြစ်လာလိမ့်မည်ဟု လည်း သူက ဆိုခဲ့သည်။

အသက် ၂၄ နှစ်အရွယ် အဆိုတော် Ed Sheeran သည် ယခုနှစ်ထဲတွင် သူ၏ ဒုတိယမြောက် တေးအယ်လ်ဘမ် “x” အတွက် ကမ္ဘာလှည့် ဂီတဖျော်ဖြေရေး ခရီးစဉ်ကိုလည်း ပြုလုပ်ခဲ့ပြီး ထို ဖျော်ဖြေရေး ခရီးစဉ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြီးဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags