ပါရီဆင်ခြေဖုံးတွင် လူတစ်ဦးက အိုင်အက်စ်အတွက် ဟုဆိုကာ ကျောင်းဆရာ တစ်ဦးအား ဓားဖြင့် လိုက်လံထိုးသတ်

ပါရီဆင်ခြေဖုံးတွင် လူတစ်ဦးက အိုင်အက်စ်အတွက် ဟုဆိုကာ ကျောင်းဆရာ တစ်ဦးအား ဓားဖြင့် လိုက်လံထိုးသတ်

ပြင်သစ်နိုင်ငံ ပါရီမြို့ဆင်ခြေဖုံးတွင် လူတစ်ဦးက အိုင်အက်စ်ဟူ၍ ကြွေးကြော်ပြီး ကျောင်းဆရာတစ်ဦးအား မောင်းချဓားဖြင့် လိုက်လံထိုးသတ်မှု ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားကြောင်း ရဲနှင့် ရှေ့နေ သတင်းရင်းမြစ်များက ပြောသည်။

ပါရီမြောက်ပိုင်းရှိ အူဘာဗီလားဆင်ခြေဖုံးရပ်တွင် စာသင်ရန် ပြင်ဆင်နေသည့် ကျောင်းဆရာကို ကတ်ကြေးဖြင့် ထိုးသတ်ခြင်းဖြစ်ပြီး ကျောင်းဆရာမှာ အသက် အန္တရာယ်တော့ မစိုးရိမ်ရကြောင်း ရဲသတင်းရင်းမြစ်က ပြောသည်။ တိုက်ခိုက်သူက တစ်ကိုယ်လုံးဖုံးသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သိုးမွေးခေါင်းစွပ်လည်း ဆောင်းထားကြောင်း၊ သေနတ်တော့ မပါရှိဟု ဆိုသော်လည်း စာသင်ခန်း အတွင်း မောင်းချဓားတစ်လက်ကို တွေ့ရှိကြောင်း ရဲက ပြောသည်။

တိုက်ခိုက်သည့်သူက "ဒါက အိုင်အက်စ်အတွက်ပဲ။ သတိပေးလိုက်တာဖြစ်တယ်။"ဟု အော်ဟစ်ခဲ့ကြောင်း ရှေ့နေများက ပြောသည်။

ကျောင်းတွင် အလုပ်လုပ်နေသူတစ်ဦးက ပြောရာတွင် တိုက်ခိုက်သူက ကျောင်းဆရာကို တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားကြောင်း၊ သက်သေခံမောင်းချဓားကို အကြမ်းဖက်တိုက်ဖျက်ရေး စုံစမ်းရေးတပ်ဖွဲ့က ယူသွားကြောင်း ပြောသည်။

ပါရီမြို့တွင်း လူပေါင်း ၁၃၀ သေဆုံးပြီး ၃၅၀ ဒဏ်ရာရခဲ့သည့် နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်လှန့်အနေအထားတွင် ယခုတိုက်ခိုက်မှုက ဖြစ်ပွားလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly