ရိုးမြေကျပေါင်းဖက်သွားမည့် စုံတွဲများကို စွန့်ဦးကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ တစ်သောင်း အတိုးမဲ့ချေးမည်

ရိုးမြေကျပေါင်းဖက်သွားမည့် စုံတွဲများကို စွန့်ဦးကုမ္ပဏီတစ်ခုက ကန်ဒေါ်လာ တစ်သောင်း အတိုးမဲ့ချေးမည်

ဆီယက်တဲ၊ ဒီဇင်ဘာ - ၁၄ ။          ။ ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်သွားဖို့ ဆန္ဒရှိနေသည့် မည်သည့်စုံတွဲကိုမဆို ၎င်းတို့၏ အိပ်မက် လက်ထပ်နိုင်ရန်အတွက် စွန့်ဦးကုမ္ပဏီတစ်ခုက သန္နိဌာန်ကို ဆုချသည့်အနေဖြင့် အတိုးမဲ့ငွေချေးသွားမည်ဟု ကမ်းလှမ်းထားသည်။

ဆီယက်တဲမြို့တွင် အခြေစိုက်သည့် SwanLuv ကုမ္ပဏီက ထာဝရမြဲမြံသည့် လက်ထပ်ပေါင်းသင်းမှုကို ဆုချသည်ဟု ယုံကြည်သောကြောင့် စုံတွဲများ ၎င်းတို့၏ အိပ်မက် လက်ထပ်နိုင်ရန်အတွက် ကန်ဒေါ်လာ ၁၀၀၀၀ ချေးရန် ကမ်းလှမ်းထားသည်။ ချေးငွေကို စုံတွဲများ ပေါင်းဖက်နေသေးသရွေ့ ပြန်ဆပ်စရာမလိုဘဲ၊ လမ်းခွဲသွားလျှင်မူ ချေးငွေကို အတိုးနှုန်းနှင့် အပြည့်အ၀ ပြန်ဆပ်ရမည်ဖြစ်သည်။

ကုမ္ပဏီက လွှင့်တင်ထားသည့် ဝဘ်ဆိုက်တွင် ဖော်ပြထားချက်များအရ အောင်နိုင်သူ လျှောက်လွှာရှင်များကို အွန်လိုင်း အချက်အလက် အကဲဖြတ်မှုအပေါ်တွင် အခြေခံထားသော အယ်ဂိုရစ်သမ်ကို အသုံးပြုပြီး ရွေးချယ်မည်ဟု ဆိုသည်။

SwanLuv၏ စီအီးအို စကော့ အာဗီ၏ ပြောကြားချက်အရ လျှေုာက်လွှာရှင်များကို ရွေးချယ်ရာတွင် တွေ့ရှိရသည့် အချက်အလက်များအရ ချေးငွေ အတိုးနှုန်းကို သတ်မှတ်မည်ဖြစ်သည်ဟု ဆိုသည်။

ဆက်ဆံရေးပြတ်တောက်သွားသဝည့် စုံတွဲများထံမှ စုဆောင်းရရှိသည့် ရံပုံငွေများကို လျှောက်လွှာရှင်အသစ်များ၏ မင်္ဂလာပွဲများကို မတည်ပေးရာတွင် အသုံးပြုမည်ဖြစ်သည်ဟု ဆိုသည်။

ချေးငွေ ကန်ဒေါ်လာ ၁၀၀၀၀အပြင် စုံတွဲများ အတူတကွနေထိုင်နိုင်စေရန် အခမဲ့ဆွေးနွေး အကြံပေးခြင်းလည်း ဝန်ဆောင်မှုပေးမည်ဟု SwanLuvက ကတိပေးထားသည်။ ကုမ္ပဏီကို ဖေဖော်ဝါရီလ လယ်တွင်မှ စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ယခုကတည်းက လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်သည်ဟု ဆိုသည်။

လျှောက်ထားရန် စိတ်ဝင်စားသည့် စုံတွဲများအနေဖြင့် ၎င်းတို့၏ ဆက်ဆံရေးကို အချိန်ယူအကဲဖြတ်သင့်သည်ဟုလည်း ကုမ္ပဏီ၏ စီအီးအို စကော့အာဗီက အကြံပြုထားသည်။

‘ဒါက ဆက်ဆံရေးမှာ ကိုယ်က ဘယ်နေရာမှာရှိနေလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ ကျနော့ရဲ့ လက်တွဲဖော်နဲ့ ကျနော်ထူထောင်ထားတဲ့ ဆက်ဆံရေးအပါ်မှာ ပုံအောထားပါတယ်။ ဆက်ဆံရေးကို တန်ဖိုးထားသူတွေအတွက်တော့ သိပ်စဉ်းစားစရာမလိုပါဘူး’ဟု အာဗီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly